Connect with us

Politics

ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် မှ နေပြည်တော် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ လမ်းစဉ် ကို ချမှတ် နိုင်ခဲ့

တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် အခမ်းအနား ကျင်းပစဉ် မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၂ ရက် (ဆင်ဟွာ)

ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို မတ်လ ၁ ရက်နေ့က နေပြည်တော် ရှိ MICC-2 ခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ ဌာန မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင် များမှ တက်ရောက် ပါဝင်ဆွေးနွေး ခဲ့ကြပြီး ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နေပြည်တော် ခရီးသွား လုပ်ငန်း ဆိုင်ရာ မူဝါဒ လမ်းစဉ် ကို ချမှတ် နိုင်ခဲ့ကြောင်း သိရှိရသည်။

ယခု ကျင်းပ ခဲ့သည့် ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် တွင် နှစ်နိုင်ငံ မှ အထူးဧည့်သည်တော် များလည်း တက်ရောက်ခဲ့ကြပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ၊ အတူတကွ အကျိုးဖြစ်ထွန်းစေရေး နှင့် ဖွံဖြိုးတိုးတက်ရေး ဟူသည့် အခြေခံ မူဝါဒ တို့ဖြင့် ဆွေးနွေးမှု များပြုလုပ်ပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ ရရှိခဲ့သည့် အောင်မြင်မှုများ နှင့် အနာဂတ် အဓိက ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များနှင့် ပတ်သက်၍ သဘောတူညီမှု များကိုလည်း ရရှိနိုင်ခဲ့သည်။

တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် သည် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု သမိုင်းတွင် ပထမ ဆုံးအကြိမ် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည့် အခမ်းအနားကြီး ဖြစ်ပြီး ယခု ကျင်းပ ခဲ့သည့် ဖိုရမ် မှ ရရှိခဲ့သည့် အောင်မြင်မှုများသည် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် များစွား အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း မှ လုပ်ငန်းရှင်များ က ခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး နေကြစဉ်(ဆင်ဟွာ)

ထို့ပြင် ဖိုရမ် မှ ချမှတ် ခဲ့သည့် မူဝါဒ လမ်းစဉ် တွင် နှစ်နိုင်ငံ အစိုးရ ဌာန တို့မှ ခရီးသွား လုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းများ ကို တည်ထောင်ပြီး နှစ်နိုင်ငံ အစိုးရ အရာရှိတို့မှ တွေ့ဆုံ ဆွေးနွေးမှု များကို ပြုလုပ်ကာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ နှင့် ရင်ဆိုင်နေရသည့် အခက်အခဲများ ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန် ၊ ဒေသတွင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များမှ တစ်ဆင့် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု ထံသို့ ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ အဆင့်ဆင့်သော ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားရန် ၊ ခရီးသွား လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက် နှင့် စာရင်းပြုစုချက်များကို အတူတကွ မျှဝေသည့် ကွန်ယက်ကို တည်ဆောက်သွားရန် ၊ တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကို နှစ်နိုင်ငံတွင် အလှည့်ကျ ဆက်လျက် ကျင်းပသွားရန် ၊ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားပြီး ငွေကြေး နှင့် လူအင်အား ကူညီထောက်ပံ့မှုများကို ဆောင်ရွက်သွားရန် စသည် မူဝါဒ လမ်းစဉ် များကို ရရှိနိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.