Connect with us

Politics

လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် အား လာမည့်လတွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ၆ နိုင်ငံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းအား တည်ဆောက်သွားမည်

China Public Diplomacy Association မှ ဒုတိယ ဥက္ကဌ မစ္စတာ ကျန်းကျုံဟွမ် နှင့် မြန်မာ နိုင်ငံ သမ္မတ အကြံပေး ဦးကိုကိုလှိုင် တို့အား မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

China Public Diplomacy Association မှ ဒုတိယ ဥက္ကဌ မစ္စတာ ကျန်းကျုံဟွမ် နှင့် မြန်မာ နိုင်ငံ သမ္မတ အကြံပေး ဦးကိုကိုလှိုင် တို့သည် ယနေ့တွင် ရန်ကုန် မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် အား နိုဝင်ဘာ လ တွင် စတင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း နှင့် ယင်းစနစ် ၏ ရည်ရွယ်ချက် မှာ လျန်ချန်းမြစ် နှင့် မဲခေါင်မြစ် တစ်လျှောက်ရှိ နိုင်ငံ ၆ နိုင်ငံ အား တန်းတူညီမျှပြီး စည်းလုံးညီညွတ်စွာ အတူတကွ ဖွံ့ဖြိုးတိုးတက် စေမည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု တည်ဆောက် သွားရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျန်းကျုံဟွမ် မှ လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် သည် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု တိုးမြင့်စေရန် နှင့် နားလည်မှု တိုးမြင့်စေရန် ဖြစ်ကြောင်း ၊ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်း သွားခြင်းဖြင့် စီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချ နိုင်ရေး ၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု အား လျှော့နည်းလာစေရေး ၊ ပြည်သူ အချင်းချင်း အပြန်အလှန် ထိတွေ့ ဆက်ဆံမှု များ တိုးမြင့်ကာ ချစ်ကြည်ရင်းနှီးမှု တိုးမြင့် နိုင်စေရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး နေသည် ကို မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သမ္မတ အကြံပေး ဦးကိုကိုလှိုင် မှ လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် သည် လျန်ချန်းမြစ် နှင့် မဲခေါင်မြစ် တစ်လျှောက်ရှိ နိုင်ငံ ပေါင်း ၆ နိုင်ငံ အား တန်းတူညီမျှ တိုးတက်ရန် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ထောက်ခံအားပေးကြောင်း ၊ ဤ စနစ် သည် နိုင်ငံ ၆ နိုင်ငံလုံး အတွက် အကျိုး ဖြစ်စေတဲ့အတွက် အလွန်ကောင်းမွန် သည့် အလားအလာကောင်း များ ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ဤစနစ် အား ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

လျန်ချန်းမြစ် နှင့် မဲခေါင်မြစ် သည် တရုတ် ၊ မြန်မာ ၊ လာအို ၊ ထိုင်း ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံ အား ဖြတ်သန်း စီးဆင်း ကာ ကီလိုမီတာ ၄၈၈၀ ရှည်လျားပြီး ရေပြင် ဧရိယာ မှာ စတုရန်း ကီလိုမီတာ ၈၀၀၀၀၀ ခန့်ရှိသည်။

၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလ က မြန်မာ နိုင်ငံ တွင် ကျင်းပ ခဲ့သည့် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်တန်း ခေါင်းဆောင် အစည်းအဝေးတွင် တရုတ် နိုင်ငံ နှင့် မဲခေါင်မြစ်တွင်း ဒေသ ရှိ နိုင်ငံ ခေါင်းဆောင်များမှ ဒေသတွင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမို တိုးချဲလိုကြောင်း ပြောကြား ခဲ့ပြီး ၁၀ + ၁ ဟူသော မူဝါဒ အောက်တွင် လျန်ချန်း-မဲခေါင် မြစ် ဒေသ တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု စနစ် အား ထောက်ခံကြောင်း ပြောကြား ခဲ့ကြသည်။ ဤ စနစ်အား အကောင်အထည် ဖော်နိုင်ရန် အတွက် ယခု နှစ် ဧပြီလ တွင် ပေကျင်း မြို့၌ လျန်ချန်း-မဲခေါင် မြစ် တွေ့ဆုံဆွေးနွေး ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး အား ပြုလုပ်ခဲ့သည်။ (Xinhua)