Connect with us

Social

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” ကျင်းပ

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” အား ဇန်နဝါရီ ၃၀ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ အမျိုးသားဇာတ်ရုံ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တရုတ် နိုင်ငံ ကျမ်းစူးပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖမ်ပျောင်းကျင်း (Mr.Fang Biaojun) ၊ မြန်မာ နိုင်ငံ အခြေစိုက် ပြည်ပ နိုင်ငံများ မှ သံအမတ်ကြီးများ နှင့် တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် အမှာစကား ပြောကြား ရာတွင် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ပွဲတော် က တစ်ကမ္ဘာလုံးရှိ တရုတ် လူမျိုးများ မိသားစု ဆုံစည်းပြီး ပျော်ရွှင်ချမ်းမြေ့မှု များအား အတူတကွ မျှဝေကြတဲ့ အချိန်ကာလ တစ်ခု ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် အတူတကွ နွှဲပျော်ကြသည့် ပွဲတော်နေ့များစွာ တည်ရှိပြီး ယခုနှစ် သည် မိမိ ၏ စတုတ္ထ အကြိမ်မြောက် မြန်မာ နိုင်ငံ နှင့် အတူတကွ နှစ်သစ်ကူးနွေဦးပွဲတော် အား အတူတကွ နွှဲပျော်သည့် နှစ်ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ တွင် တရုတ် နှစ်သစ်ကူး ပွဲတော် အငွေ့အသက်တွေ ပိုမို များပြားလာပြီး နွေဦးပွဲတော် မှာလည်း ပိုမို စည်ကားသိုက်မြိုက်လာသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ယနေ့ ကျင်းပ သည့် အနုပညာ ဖျော်ဖြေပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ အကြား တည်ရှိသည့် စစ်မှန်နက်ရှိုင်းလှသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကိုလည်း ခံစား နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကျမ်းစူးပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖမ်ပျောင်းကျင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း က မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဖလှယ်ရေး ပိုမို ခိုင်မာ စေရန် ရည်ရွယ်၍ ယနေ့ အခမ်းအနား အား တရုတ် နိုင်ငံ သံရုံး မှ ကျင်းပ ပြုလုပ်ပေး ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ယနေ့ အခမ်းအနား က နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး အား ပိုမို ကောင်းမွန်စေမည့် အခမ်းအနား တစ်ခု ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ လက်ရှိချိန် တွင် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်းများ အဆက်မပြတ် တိုးမြှင့်လာ ခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့ မှ အပြန်အလှန် နားလည်မှု ကို တိုးမြှင့်စေနိုင်ခဲ့ကာ နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် အခမ်းကဏ္ဍသစ် များ ကိုလည်း တိုးချဲ့နိုင်စေခဲ့ကြောင်း ၊ တရုတ် ရိုးရာ နှစ်သစ်ကူး အချိန်အခါ တွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲ အဓွန့်ရှည်ကြာစေရန် ဆုမွန်းကောင်း တောင်လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကျမ်းစူးပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖမ်ပျောင်းကျင်း က မြန်မာ နိုင်ငံ ရန်ကုန်မြို့ နှင့် တရုတ် နိုင်ငံ ကျမ်းစူး ပြည်နယ် ယန်ကျိုးမြို့ တို့ က ချစ်ကြည်ရေး မြို့များ ဖြစ်ကြကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး အောက်တွင် ကျမ်းစူး ပြည်နယ် နှင့် မြန်မာ နိုင်ငံ အကြား ယဉ်ကျေးမှု နှင့် ခရီးသွား ကဏ္ဍ တွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် လာခဲ့ပြီး နှစ်ဦးနှစ်ဖက် အကြား ဆက်ဆံရေး ကို ပိုမို မြှင့်တင်ပေး နိုင်ခဲ့ကြောင်း ၊ တရုတ် နှစ်သစ်ကူး အခါသမယ တွင် အားလုံးအတူတကွ ပျော်ရွှင်ပါစေလိုကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် “ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးပွဲတော် ဆွေမျိုးပေါက်ဖော် အတူနွှဲပျော် အနုပညာ ဖျော်ဖြေပွဲ အခမ်းအနား” အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ တရုတ် နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ တရုတ် နိုင်ငံ ကျမ်းစူးပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဦးစီးဌာန တို့ မှ ပူးပေါင်းကျင်ပ ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း ၊ အခမ်းအနား တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာ အနုပညာဖျော်ဖြေတင်ဆက်မှုများ ၊ နှစ်နိုင်ငံ ထင်ရှားသည့် အဆို ၊ အက နှင့် အနုပညာ တက်ဆက်မှုများ အား ဖျော်ဖြေတင်ဆက် ခဲ့ရာ ပရိတ်သတ် များ၏ နှစ်သက်အားပေးမှု ကို ရရှိကြောင်း သိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.