Connect with us

Social

တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအောက်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ ကျင်းပ

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲတွင် ပါဝင်သူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအောက်တွင် တရုတ်-မြန်မာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ တစ်ရပ်အား ယနေ့ဇူလိုင် ၈ ရက်တွင် ရန်ကုန်မြို့တွင် တရုတ်-မြန်မာ ပညာရှင်များ ပါဝင်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယူနန်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနမှ လက်ထောက်ပါမောက္ခ Lyu Xing က ၂၀၁၃ခုနှစ်တွင် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြင့်စေရန်ရည်ရွယ်ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က BRI ကို အကောင်အထည်ဖော်ရန် အဆိုပြုခဲ့ကြောင်း ၊ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် သို့မဟုတ် CMEC သည် BRI ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁၉ရက်တွင် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ အကောင်အထည် ဖော်ရန် ကြေညာခဲ့ကြောင်း ၊ ၂၀၁၈ခုနှစ် စက်တင်ဘာ ၉ရက်တွင် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်ကို ဖော်ဆောင်ရန် နှစ်နိုင်ငံ နားလည်မှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုအစရှိသဖြင့် နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများကို သတ်မှတ်ခဲ့ကြကြောင်း ၊ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် မြန်မာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း Myanmar Sustainable Plan 2018-2030 or MSDP ကို မြန်မာနိုင်ငံအစိုးရက ထုတ်ပြန်ခဲ့ကြောင်း ၊ ယခု ဆွေးနွေးပွဲတွင် တက်ရောက်လာသူများ အားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဖြင့် သိထားသည့် ဗဟုသုတများကို ဖလှယ်ကြပြီး နှစ်နိုင်ငံ ကွဲပြားခြားနားချက်များကို လေ့လာ ဖြစ်ကြမည်ဟု မေ ျှာ်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအောက်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဘက်မှ ဦးအေးမောင်ကျော်က ယခု ဆွေးနွေးပွဲသည် ဒုတိယ အကြိမ်မြောက် ကျင်းပသည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် ဆွေးနွေးပွဲသည် အောင်မြင်သည်ဟု ပြော၍ ရကြောင်း ၊ BRI ၏ ရည်ရွယ်ချက်မှာ အခြေခံ အဆောက်အအုံပိုင်း ဖြစ်ကြောင်း ၊ ကမ္ဘာပေါ်တွင် အခြေခံ အဆောက်အအုံပိုင်းဖြင့် ပေါင်းကူး တံတား ထိုးပေးရန် ရည်ရွယ်ချက် ဖြစ်သည့် အတွက်ကြောင့် မိမိတို့ကဲ့သို့တိုင်းပြည်များ အတွက် အကျိုးရှိသည်ဟု ယူဆကြောင်း ၊ ယခု ဆွေးနွေးပွဲမှ ကောင်းသည့် ရလဒ်များ ရရှိမည်ဟု မေ ျှာ်လင့်ကြောင်း ၊ ယခုကဲ့သို့ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များသည် နှစ်နိုင်ငံ၏ မူဝါဒ ရေးဆွဲ ချမှတ်သည့် အဖွဲ့အစည်းများ အတွက် တစ်စုံတစ်ရာ သက်ရောက်မှု ရှိမည်ဟု ယူဆကြောင်း ၊ ယခုကဲ့သို့ပွဲများအား များများ လုပ်ဆောင်သွားရန် ၎င်းတို့အနေဖြင့် ရည်ရွယ်ချက် ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအောက်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါဆွေးနွေးပွဲတွင် ယူနန်တက္ကသိုလ်မှ ပညာရှင် ၅ ဦးနှင့် မြန်မာနိုင်ငံဘက်မှ ပညာရှင်(၁၃)ဦး တို့က နှစ်နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ အပိုင်းသုံးပိုင်းခွဲ၍ ဆွေး နွေးခဲ့ကြကြောင်း သိရသည်။ဆွေးနွေးမှု ပထမ အပိုင်းတွင် Green Energy Technologies and Sustainable Development ခေါင်းစဉ်ဖြင့် ဗိသုကာနှင့် မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ ပို့ကုန်၊ သစ်တော၊ စိုက်ပျိုးရေးစသော ကဏ္ဍများတွင် နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးတိုက်တက်မှုကွာဟချက်များ၊ အခြေခံအဆောက်အုံနှင့် စွမ်းအင်လိုအပ် ချက်များ အကြောင်းကို ဆွေးနွေးခဲ့ပြီး တရုတ်ပညာရှင် Dr. Zanxin Wangက တရုတ်နိုင်ငံ၏ အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများ၊ အောင်မြင်မှုများနှင့် အကျိုးသက်ရောက်မှုများ အ ကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအောက်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဆွေးနွေးပွဲတွင် တရုတ်-မြန်မာ ပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိ အစိမ်းရောင်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းနှင့် စွမ်းအင်ဆိုင်ရာ အသုံးပြုမှုများ ၊ မြန်မာနိုင်ငံ၏ လူမျိုးစု ပဋိပက္ခများ၏ လက်ရှိမြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများအကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ ဒုတိယ အပိုင်းတွင် Governance: Problem and Challenges ခေါင်းစဉ်ဖြင့် အောင်မြင်မှုရရှိခဲ့သော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ် သက်သည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ ၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများကြား ချိတ်ဆက်ဆောင်ရွက်မှုများ၊ အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စ ရပ်များ၊ အဆိုပါကောက်ခံရရှိသောအခွန်များမှ ပြည်နယ်အစိုးရများအား လိုအပ်သည့်နေရာများတွင် ထောက်ပံ့ ဖြည့်ဆည်းပေးမှုများ ၊ စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ဆောင်ရာတွင် အစိုးရပိုင်းအတွင်း ပြဿ နာများနှင့် စိန်ခေါ်မှုများ ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတွင် ပြည်သူလူထု၏အမြင်များအကြောင်းနှင့် မြန်မာမီဒီယာများရင်ဆိုင်ရမည့် စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲ တတိယ အပိုင်းတွင် တရုတ်-မြန်မာစီးပွားရေးစြင်္ကံ၏ တိုးတက်မှုများခေါင်းစဉ်ဖြင့် တရုတ်-မြန်မာစီးပွားရေးစြင်္ကံ တည်ဆောက်မှုနှင့်ဆိုင်သော စိန်ခေါ်မှုများ၊ အစိုးရသစ် လက် ထက် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာများ၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မူဘောင်များ၊ ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်များ၊ အလွှာစုံချိတ်ဆက်ဆောင်ရွက်မှုများ၊ တရုတ်-မြန်မာ စီးပွားရေးစြင်္ကအစီအစဉ်အောက်မှ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဖြစ်သူ မုံရွာ အောင်ရှင်က ယခု ဆွေးနွေးပွဲမှာ ဘက်စုံ ၊ ထောင့်စုံမှ ဆွေးနွေးခဲ့ကြသည့် ပွဲဖြစ်ကြောင်း ၊ ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များသည် တကယ်ကို တန်ဖိုးရှိသည့် ဆွေးနွေးချက်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆွေးနွေးပွဲအား ယူနန်တက္ကသိုလ် မြန်မာရေးရာဌာနနှင့် မြန်မာနိုင်ငံ မြန်မာရေးရာလေ့လာရေးအဖွဲ့တို့ က ပူးပေါင်း၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117