Connect with us

Social

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ထူထောင်ခြင်း (၈၀) ပြည့်နှစ် အခမ်းအနား ကျင်းပ


ရန်ကုန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ထူထောင်ခြင်း (၈၀) ပြည့်နှစ် အခမ်းအနား ကို သြဂုတ်လ ၁၇ ရက်နေ့ ညပိုင်းအချိန် တွင် ရန်ကုန်မြို့ ဂမုန်းပွင့် စင်တာ အပေါ်ထပ် ရှိ မေဟွား စားတော်ဆက် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ဥက္ကဋ္ဌ ဆူးယိရှင်း (Su Yixin) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကောင်စစ်ဝန်ရုံး အဖွဲ့မှူး ဝမ်ရှောင်ချူ နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်း အဖွဲ့ဝင် များ ၊ မြန်မာ နိုင်ငံ တရုတ် လူမျိုး အသင်းအဖွဲ့ တို့မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် ကုသိုလ်ဖြစ်အသင်း အဖွဲ့ဝင် တို့ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ဥက္ကဋ္ဌ ဆူးယိရှင်း က အဖွင့်အမှာ စကားပြောကြားရာတွင် တရုတ်လူမျိုး ကုသိုလ်ဖြစ် အသင်း သည် မြန်မာ နိုင်ငံ အတွင်း သဘာဝ ဘေးဒုက္ခ ကြုံတွေ့ချိန်တိုင်းတွင် ကူညီထောက်ပံ့မှု များ ဆောင်ရွက်ပေးခဲ့ပြီး ခိုကိုးရာမဲ့ ဖိုးဖွားများ အတွက်လည်း လစဉ် ကူညီထောက်ပံ့မှု များဆောင်ရွက်ပေးခဲ့ကြောင်း ၊ ၁၉၈၄ ခုနှစ် ၌ လားရှိုးမြို့တွင် မီးဘေးဒုက္ခ ဖြစ်ပွား ခဲ့စဉ် ၌ ကုသိုလ်ဖြစ်အသင်း အနေဖြင့် ဆန်အိပ်ပေါင်း ၂၀၀၀ အပါအဝင် အခြား ကူညီထောက်ပံ့ရေး ပစ္စည်းအမြောက်အမြား ဖြင့် ဘေးဒုက္ခ ဖြစ်ပွားရာနေရာ သို့ သွားရောက်ကာ ကူညီဆောင်ရွက်မှု များပြုလုပ်ပေးခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း သည် တရုတ်-မြန်မာ ချစ်ကြည်ရေး ကို အစဉ်အဆက်အလေးထားပြီး မြန်မာ နိုင်ငံ တွင် ဘေးဒုက္ခ ဖြစ်ပွားချိန်၌ မြန်မာ နိုင်ငံ အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်း များထံ သို့ ဆက်သွယ်ကာ ကူညီဆောင်ရွက်မှုများ ကို အမြန်ဆုံး ပြုလုပ်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ဥက္ကဋ္ဌ ဆူးယိရှင်း က အဖွင့်အမှာ စကားပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကောင်စစ်ဝန်ရုံး အဖွဲ့မှူး ဝမ်ရှောင်ချူ က နှုတ်ခွန်းဆက် စကားပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း အလုပ်အမှုဆောင် ဖူရှန်းဟွာ က ကျေးဇူးတင် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ထူထောင်ခြင်း (၈၀) ပြည့်နှစ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ထူထောင်ခြင်း (၈၀) ပြည့်နှစ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ထူထောင်ခြင်း (၈၀) ပြည့်နှစ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ထူထောင်ခြင်း (၈၀) ပြည့်နှစ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း ထူထောင်ခြင်း (၈၀) ပြည့်နှစ် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကောင်စစ်ဝန်ရုံး အဖွဲ့မှူး ဝမ်ရှောင်ချူ က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း သည် တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၈၀ ကာလအတွင်း မြန်မာ နိုင်ငံ ရှိ တရုတ်လူမျိုးများ၏ စေတနာမေတ္တာ များကို စုစည်းကာ မြန်မာ နိုင်ငံ ၌ လိုအပ်ချက်ရှိသောသူ များအတွက် ကူညီထောက်ပံ့မှု များကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ ဤမွန်မြတ်သည့် ဆောင်ရွက်မှုမျိုးသည် မြန်မာ နိုင်ငံ ရှိ တရုတ်လူမျိုးတိုင်း နှင့် အနာဂတ် မျိုးဆက်များ အားလုံး တို့မှ ဆက်လက်၍ ထိန်းသိမ်းဆောင်ရွက်သွားရမည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် မြန်မာ နိုင်ငံ ရှိ တရုတ်လူမျိုးများ နှင့် အတူတကွ ပရဟိတ လုပ်ငန်းများ ပိုမိုတိုးမြှင့်၍ ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း သည် မြန်မာ နိုင်ငံ သို့ ဖက်ဆစ်ဂျပန် များ ကျူးကျော်ဝင်ရောက်ခြင်းမပြုမီ ၁၉၃၇ ခုနှစ်ကပင် ဖွဲ့စည်း တည်ထောင်ခဲ့ကြောင်း ၊ ကုသိုလ်ဖြစ် အသင်း အနေဖြင့် အစဉ်အဆက် ဆင်းရဲနွမ်းပါးသူများ ကို ကူညီထောက်ပံ့ပေး ခဲ့ကြပြီး အိုမင်းမစွမ်းသူများကိုလည်း ကူညီပေး ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ်လူမျိုးများ အနေဖြင့် ဆက်လက်၍ စည်းစည်းလုံးလုံး ဖြင့် ကုသိုလ်ဖြစ် လုပ်ငန်းများ ကို တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ တရုတ် လူမျိုး ကုသိုလ်ဖြစ် အသင်း အလုပ်အမှုဆောင် ဖူရှန်းဟွာ က ကျေးဇူးတင် စကား ပြောကြား ခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.