Connect with us

Social

တရုတ် နိုင်ငံ ကြက်ခြေနီအသင်း က မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း အား ရေဘေးအတွက် အလှူငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ပေးအပ်

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ ထံသို့ လှူဒါန်းငွေ ပေးအပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီအသင်း က မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း အား ရေဘေး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရန် လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနား ကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီ ခွဲ တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးချုပ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စား လှူဒါန်းငွေများကို ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

လှူဒါန်းပေးအပ်ပွဲ အခမ်းအနား ၌ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ နှင့် တွေ့ဆုံဆွေးနွေး ခဲ့ရာတွင် သံအမတ်ကြီး က ယခုနှစ်အတွင်း မြန်မာ နိုင်ငံ ၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့သည် ဆွေမျိုးပေါက်ဖော် ညီအကိုမောင်နှမ များဖြစ်သောကြောင့် ထပ်သူထပ်မျှ ခံစားခဲ့ရကြောင်း ၊ ထို့ကြောင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ လိုအပ်ချက် ရှိနေချိန်တွင် တရုတ် နိုင်ငံ အနေဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်မှု ပြုလုပ်ပေးခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ကိုယ်စား ရေဘေးဒုက္ခ ခံခဲ့ရ သည့် မြန်မာ နိုင်ငံ ပြည်သူလူထု အပေါ် နှစ်သိမ့်အားပေးစကား ပြောလိုကြောင်း ၊ တခြား လိုအပ်ချက်ရှိ သည့် အကြံပြုချက် များကိုလည်း ကြားသိလိုပြီး တရုတ် နိုင်ငံ အနေဖြင့် တက်စွမ်းသမျှ ကူညီဆောင်ရွက်ပေးလိုကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ၌ ရာသီတုပ်ကွေး (H1N1) ဖြစ်ပွား နေသည် ကို သိရှိရသည့် အတွက် တရုတ် နိုင်ငံ မှ ကူညီ ဆောင်ရွက်မှု များပြုလုပ်ပေးရန် တက်ကြွစွာ ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ တွေ့ဆုံ ဆွေးနွေး နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် အား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်နေစဉ် (ဆင်ဟွာ)

ပါမောက္ခ ဒေါက်တာ မြသူ က မိမိ အနေဖြင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း နှင့် မြန်မာ နိုင်ငံ တွင် ရေဘေးကြောင့် လိုအပ်ချက်ရှိနေသူများ အားလုံး ကိုယ်စား ကျေးဇူးတင် စကားကို ဦးစွာ ပြောကြား လိုကြောင်း ၊ နှစ်နိုင်ငံ ကြက်ခြေနီ အသင်းအကြားတွင် နှစ်ပေါင်းများစွား ပူးပေါင်းဆောင်ရွက်မှု များရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ပုဂံ ငလျင် ဖြစ်ပွား ချိန်တွင်လည်း တရုတ် နိုင်ငံ ကြက်ခြေနီအသင်း က မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း သို့ လှူဒါန်းငွေများ လာရောက်ပေးအပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း နှင့် ပူးပေါင်း၍ မြန်မာ နိုင်ငံ တွင် ကျေးလက် ဆေးပေးခန်းများကို လည်း ဆောင်ရွက်ပေးခဲ့ပြီး စံနမူနာကောင်း တစ်ခု အနေဖြင့် သတ်မှတ်ထားကြောင်း ၊ တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း သည် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း မှ ဝန်ထမ်းများကို နှစ်စဉ် အတွေ့အကြုံဖလှယ်ရေး နှင့် လေ့လာရေး အတွက် ဖိတ်ခေါ်ပေးခဲ့သည့် အတွက် ဗဟုသုတ အသစ် များစွာ ရရှိပြီး ရင်းနှီးမှု ကိုလည်း တိုးမြှင့် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စား လှူဒါန်းငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ကို မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး တရုတ် နိုင်ငံ သံအမတ်ကြီး ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ကို ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။(Xinhua)