Connect with us

NPC

တရုတ်နိုင်ငံက ပြည်သူ့ကျန်းမာရေးအတွက် ဥပဒေစနစ် တိုးတက် ခိုင်မာစေရန် လုပ်ဆောင်သွားမည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတက်ရောက်နေသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ တတိယမြောက်အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရဲဆွေ့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်သူ့ကျန်းမာရေးဥပဒေကို ခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အသစ်ရေးဆွဲထားသော ဇီဝလုံခြုံရေးဥပဒေ မူကြမ်းကို ယခုနှစ်အတွင်း ပြန်လည်သုံးသပ်ရန်နှင့် အတည်ပြုရန် မျှော်မှန်းထားကြောင်း ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရဲဆွေ့က မေ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ တတိယမြောက်အစည်းအဝေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းစာဆရာများအား တွေ့ရစဉ် (ဆင်ဟွာ)

အစည်းအဝေးအတွင်း NPC အမြဲတမ်းကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ကျန်းမာရေးနှင့် ဆက်စပ်သော ဥပဒေ ၁၇ ခုကို အသစ်ရေးဆွဲရန် သို့မဟုတ် ပြန်လည်သုံးသပ်ရန် စီစဉ်ထားသလို ကျန်းမာရေးနှင့် ဆက်နွယ်သော ဥပဒေ ၁၃ ခုကို ပြုပြင်မွမ်းမံသွားရန်ရှိကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117