Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ မြို့တော်ရှိ စစ်ဘက်သုံးလေဆိပ်တစ်ခုအနီးတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား


ဒမတ်စကပ်စ်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်မြို့ရှိ စစ်ဘက်သုံးလေဆိပ်တစ်ခုအနီးတွင် စက်တင်ဘာ ၂ ရက် နံနက်ပိုင်း က ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပေါက်ကွဲသံများကို ဒမတ်စကပ်စ်မြို့ တစ်ခုလုံးကြားခဲ့ရကြောင်း ၊လက်ရှိတွင် သေဆုံးဒဏ်ရာရမှုအခြေအနေကို မသိရသေးကြောင်း သိရသည်။

စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ဒမတ်စကပ်စ်မြို့ အနောက်ဘက် Mezzahစစ်ဘက်သုံးလေဆိပ် အနီး တွင် ပေါက်ကွဲမှု အနည်းဆုံး သုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ short circuit ဖြစ် သောကြောင့် လေဆိပ်အနီး စစ်လက်နက်ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဆီးရီးယား သတင်းအေဂျင်စီ SANA နှင့် ဆီးရီးယား နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနတို့က စစ်ဘက်မှ ထုတ်ပြန်သည့် သတင်းများကို ကိုးကား၍ဖော်ပြထားသည် ။

ဒမတ်စကပ်စ်မြို့လေဆိပ်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အရေးပေါ်ကယ်ဆယ်ရေးယာဉ်များသည် အခင်းဖြစ်ပွားရာနေရာသို့သွားရောက်၍ ဒဏ်ရာရသူများကို သယ်ဆောင်နေကြာင်း ၊လက်ရှိတွင် သေဆုံးဒဏ်ရာရသူအရေအတွက်ကို အတိအကျမသိသေး ကြောင်း အမည်မဖော်လိုသူတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည။် Al Mayadeenရုပ်မြင်သံကြားဌာနက အဆိုပါပေါက်ကွဲမှုမှာ အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ အစ္စရေးတို့က ၂၀၁၇ ခုနှစ်တွင် Mezzahစစ်ဘက်သုံးလေဆိပ်ကို တိုက်ခိုက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ ပြည်တွင်းပဋ္ဋိပက္ခဖြစ်ပွားပြီးနောက် ဆီးရီးယားအစိုးရက အစ္စရေးသည် ဆီးရီးယား တောင်ပိုင်းရှိ Quneitra ပြည်နယ်တွင် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များကို ထောက်ခံအားပေး သောကြောင့် ပြည်တွင်းပဋိပက္ခများတိုးပွားလာအောင်ကြောင်း အပြစ်တင်ပြောဆိုခဲ့သည်။ အစ္စရေးက မူ အီရန်သည် ဆီးရီယားနယ်နမိတ်အတွင်းတွင် စစ်ရေးဖြန့်ကျက်မှုများ လုပ်ဆောင်နေကြောင်းနှင့် ၎င်းတို့အား ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်း အခိုင်အမာပြောဆိုထားသည်။ ယခုနှစ်ပိုင်းများတွင် အစ္စရေးက အီရန်စစ်တပ်အဆောက်အဦများကို တိုက်ခိုက်သည်ဟုအကြောင်းပြကာ ဆီရီးယား နယ်နမိတ် အတွင်း၌ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117