Connect with us

Africa & Middle East

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မောရစ်သျှနိုင်ငံဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် မောရစ်သျှနိုင်ငံဝန်ကြီးချုပ် Pravind Jugnauth (ယာ) တို့ ဇူလိုင် ၂၈ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေါ့တ်လူးဝစ္စစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် မောရစ်သျှနိုင်ငံ ၏ သူငယ်ချင်းကောင်း၊ မိတ်ဖက်ကောင်း အမြဲတမ်းဖြစ်နေရန် နှင့် နှစ်နိုင်ငံ ရင်းနှီးသော ညှိနှိုင်းဆောင်ရွက်ရှိသော ဆက်ဆံရေး ကို အဆင့်တစ်ခုအထိ မြှင့်တင်သွားရန် ဆန္ဒရှိပါကြောင်း ဇူလိုင် ၂၈ ရက်တွင်ပြောကြားခဲ့သည်။

မောရစ်သျှနိုင်ငံ သို့ အလည်အပတ်ရောက်ရှိနေသည့် ရှီက မောရစ်သျှနိုင်ငံဝန်ကြီးချုပ် Pravind Jugnauth နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မောရစ်သျှနိုင်ငံခရီးစဉ် သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မတ်လတွင် သမ္မတ အဖြစ်ပြန်လည်ရွေးကောက်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ၏ နောက်ဆုံး ရပ်နားရာနိုင်ငံတစ်ခု ဖြစ်ကြောင်း သိရသည်။ ရှီသည် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆီနီဂေါ၊ ရဝမ်ဒါ နှင့် တောင်အာဖရိကနိုင်ငံများ သို့ သွားရောက်ခဲ့ပြီး ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင်ပြုလုပ်သော ၁၀ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.