Connect with us

Africa & Middle East

အီရန်ထံမှရေနံတင်သွင်းနိုင်ငံများအားပိတ်ဆို့မှုများမှကင်းလွတ်ခွင့်မပေးဟု အမေရိကန်အစိုးရဆုံးဖြတ်

တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လုသ် ကာဗူဆို ဂလု ကို တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက အီရန်ထံမှရေနံတင်သွင်းမှုပြုနေသောနိုင်ငံများအပေါ် ပိတ်ဆို့မှုကင်းလွတ်ခွင့်ပေး နေခြင်းများအားအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ်တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လုသ် ကာဗူဆို ဂလု (Mevlut Cavusoglu) ဧပြီလ ၂၂ ရက် ကဝေဖန်ပြောကြားခဲ့ပါသည်။

ကာဗူဆို ဂလု က ၎င်း၏တွစ်တာစာမျက်နှာ၌ အမေရိကန်အစိုးရ၏ဆုံးဖြတ်ချက်က ဒေသအတွင်းငြိမ်း ချမ်းရေး နှင့်တည်ငြိမ်မှုရရှိရေးတို့အတွက် အထောက်အကူဖြစ်မည်မဟုတ်ဘဲ အီရန်ပြည်သူတို့ကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း သတိပေးရေးသားခဲ့သည်။

၎င်းကတူရကီနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးများဆောင်ရွက်ရာတွင် ၎င်းတို့အပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုများနှင့်မမျှမတ ဆုံးဖြတ်ဆောင်ရွက်မှုများကို လက်ခံမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဧပြီလ ၂၂ ရက်နံနက်ပိုင်းတွင် အမေရိကန်သမ္မတအိမ်ဖြူတော် က မေလ ၂ ရက်တွင်လက်ရှိပိတ်ဆို့မှု များအတွက်ကင်းလွတ်ခွင့်များသက်တမ်းကုန်ဆုံးပြီးနောက် အီရန်ထံမှရေနံတင်သွင်းသောမည်သည့် နိုင်ငံကိုမဆို ကင်းလွတ်ခွင့်များဆက်ပေးရန်သဘောတူတော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အား ကြေညာခဲ့သည်။ (Xinhua)