Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံ မြောက်ပိုင်းတွင် ဆေးခြောက် ၁.၉၂တန် ဖမ်းဆီးရမိ

မော်ရိုကိုနိုင်ငံတွင် ယခင်ကဖမ်းဆီးရမိခဲ့သည့် ဆေးခြောက်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာဘတ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ အာဏာပိုင်များသည် နိုင်ငံမြောက်ပိုင်း Tetouan မြို့ တွင် ဆေးခြောက် ၁.၉၂တန်အား ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Tetouan မြို့ နှင့် အိမ်နီးချင်း Chefchaouen မြို့ အကြားရှိ လမ်းမပေါ်တွင် လျှပ်တပြက် ဖမ်းဆီးမှုပြုလုပ်ခြင်းဖြင့် ယင်းဆေးခြောက်ပမာဏ အများအပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အကောက်ခွန်စီမံခန့်ခွဲရေးဌာန မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Hamid Hosni က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

အထုပ်များဖြင့် ထုတ်ထားသော ယင်း ဆေးခြောက်များကို နံပါတ်ပြားအတုတပ်ဆင်ထားသော လုပ်ငန်းသုံးယာဉ်တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း Hosni ကပြောကြားခဲ့သည်။

၎င်းက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်းထပ်မံပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဆေးခြောက်စိုက်ပျိုးမှုများကို ဖမ်းဆီးဖြိုခွဲခြင်းမပြုနိုင်သဖြင့် မော်ရိုကိုနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးခြောက်ထုတ်လုပ်မှုအများဆုံး နိုင်ငံတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂရုံး၏ ၂၀၁၆ခုနှစ် အစီရင်ခံစာ တစ်ခုအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.