Connect with us

Africa & Middle East

ကဘူးလ်ရှိ အမေရိကန်သံရုံးနှင့် အာဖဂန် အထက်တရားရုံးအနီး တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကဘူးလ် တွင် ပေါက်ကွဲခဲ့သည့် ကားဗုံးပေါက်ကွဲမှု တစ်ခု အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အလယ်ပိုင်း တွင် သြဂုတ် ၁၅ ရက် က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အာဖဂန်နိုင်ငံသား ၃ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Ahmad Shah Massoud ရင်ပြင် အရှေ့ဘက်တွင် ဒေသစံတော်ချိန် နံနက် ၉နာရီ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူ Abdul Shad က ဆင်ဟွာသို့ပြောကြားခဲ့သည်။
ထို့အပြင် တရားဝင်မဟုတ်သည့် သတင်းရင်းမြစ်များအရ အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာမှ တာဝန်ရှိသူ တစ်ဦး၏ ကားတစ်စီးတွင် တပ်ဆင်ထားသောဗုံး မှတစ်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကားသည် အာဖဂန် အထက်တရားရုံး နှင့် အမေရိကန်သံရုံးတည်ရှိရာ ဒုတိယ Macroryan ၏ လမ်းဘေးတွင် ရပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့ လူ ၃ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ နဲ့ ပြည်သူတွေက နီးစပ်ရာ ဆေးရုံတစ်ခုဆီ ပို့ပေးထားပါတယ်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် ဘေးမှာ ရှိတဲ့ ဆိုင်များစွာနဲ့ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်မှန်တွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေကုန်ပါတယ်” ဟု Shad ကပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဧရိယာ၌ အကာအကွယ် တားဆီးမှုများ ဆောင်ရွက်ခဲ့ပြီး နံနက်ပိုင်း အလုပ်ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ကားပိတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခုအချိန်အထိ မည်သူက ဗုံးဖောက်ခွဲမှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း တာလီဘန် စစ်သွေးကြွအုပ်စု သည် ယခင်က အလားတူ တိုက်ခိုက်မှုမျိုး ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)