Connect with us

Africa & Middle East

ဇင်ဘာဘွေသမ္မတက စစ်ဦးစီးချုပ်သစ်အဖြစ် ဒုဗိုလ်ချုပ်ကြီးPhilip Valerio Sibanda အား ခန့်အပ်

ဇင်ဘာဘွေနိုင်ငံ စစ်ဦးစီးချုပ်သစ် ဒုတိယဗိုလ်ချုပ်ကြီးPhilip Valerio Sibanda အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟာရာရီ၊ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံသမ္မတအမ္မာဆန်အန်နန်ဂါဝါ(Emmerson Mnangagwa)သည် စစ်ဦးစီးချုပ်သစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး Philip Valerio Sibanda ကို ပြီးခဲ့သောလက သမ္မတဟောင်း မူဂါဘီအား ရာထူးမှ ဖြုတ်ချစဉ် နောက်ကွယ်မှ ကြိုးကိုင်ပါဝင်ခဲ့သူ စစ်ဦးစီးချုပ်(ဟောင်း) Constantino Chiwenga နေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

စစ်ဦးစီးချုပ်ဟောင်း Chiwenga သည် ရာထူးမှ အနားယူသွားခဲ့ရပြီး ၎င်းမှာ ဒုတိယသမ္မတဖြစ်လာရန် တစ်ပြေးနေသည်။ စစ်ဦးစီးချုပ်သစ်ခန့်အပ်ခြင်းကို ဇင်ဘာဘွေသမ္မတ နှင့် ဝန်ကြီးအဖွဲ့အတွင်းဝန်ချုပ် Misheck Sibanda က ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

အာဏာရ ZANU-PF ပါတီအကြီးအကဲ အဖြစ် အတည်ပြုရွေးချယ်ခံရပြီးဖြစ်သည့် Mnangagwa သည် လာမည့် ဒီဇင်ဘာ ၂၂ ရက်တွင် ၎င်း၏ လက်ထောက်နှစ်ဦး အမည်စာရင်းကိုထုတ်ပြန်ကြေညာရန် ရှိနေသည်။

သမ္မတသစ်သည် ပြီးခဲ့သော နိုဝင်ဘာလတွင် ကျမ်းကျိန်ခဲ့ပြီး ၎င်းသည် ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ် Edzai Absolom Chanyuka Chimonyo အား တန်ဇန်းနီးယား ၊ ဘရွန်ဒီ နှင့် ရဝမ်ဒါ နိုင်ငံများ ဆိုင်ရာ ဇင်ဘာဘွေနိုင်ငံသံအမတ်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။ အဆိုပါကြည်းတပ်အကြီးအကဲနေရာအား ဒုတိယဗိုလ်ချုပ်ကြီး Philip Sibanda က ဆက်ခံခဲ့ကြောင်း သိရသည်။

လေတပ်ဒုတိယဦးစီးချုပ် Elson Moyo သည် လေတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ယခင်လေတပ်အကြီးအကဲဟောင်း Perence Shiri သည် မြေယာ ၊ စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.