Connect with us

Africa & Middle East

တူရကီ နိုင်ငံ နယ်စပ် မြို့ ဒုံးကျည်များစွာ ဖြင့် တိုက်ခိုက်ခံရသဖြင့် လူပေါင်း ၅ ဦး သေဆုံးကာ ၁၀၀ ခန့် ဒဏ်ရာရရှိ

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ တင့်ကား များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇန်နဝါရီ ၂၀ ရက်နေ့၌ Afrin ဒေသ ကို စစ်ရေးဆောင်ရွက်မှု များ စတင်ပြုလုပ်ပြီးနောက်ပိုင်း တွင် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း Hatay ပြည်နယ် နှင့် Kilis ပြည်နယ် တို့အား ဆီးရီးယား နယ်နိမိတ် အတွင်း မှ ဒုံးကျည် ၈၂ စင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၅ ဦး သေဆုံးကာ ၁၀၀ ခန့် ဒဏ်ရာရရှိ ခဲ့ကြောင်း တူရကီ နိုင်ငံ ဝန်ကြီးချုပ် Binali Yıldırım က ဖေဖော်ဝါရီ ၂ ရက်နေ့၌ ပြောကြား ခဲ့သည်။

Binali Yıldırım က တူရကီ နိုင်ငံ အနေဖြင့် ဆက်လက်၍ ဆီးရီးယား Kurd လက်နက်ကိုင် အဖွဲ့အစည်း ၏ စခန်းများ ကို တိုက်ခိုက်သွားမည် ဖြစ်ပြီး ရန်သူများ လုံးဝ ပျောက်ကွယ်သွားသည့် အထိ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ နယ်စပ်မြို့ ၂ မြို့တွင် ဖေဖော်ဝါရီ ၂ ရက်နေ့၌ ဒုံးကျည် ၆ စင်း ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။တူရကီ နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ဖေဖော်ဝါရီ ၂ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း တွင် ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး၌ လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင်ပေါင်း ၈၂၃ ဦး ကို ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့အနက် IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် များလည်း ပါဝင်ကြောင်း သိရှိရသည်။

ဆီးရီယား နိုင်ငံ အစိုးရ က တူရကီ နိုင်ငံ ၏ မိမိ နိုင်ငံ မြောက်ပိုင်းဒေသတွင် ဆောင်ရွက်နေသော စစ်ရေး ဆောင်ရွက်မှုများ နှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ဝေဖန် ခဲ့ပြီး ယင်းစစ်ရေးဆောင်ရွက်မှုသည် ဆီးရီးယား နိုင်ငံ အချုပ်အခြာ အာဏာ ကို ရိုင်းစိုင်းစွာကျူးလွန် ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)