Connect with us

Africa & Middle East

ဂျော်ဒန်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ပါလက်စတိုင်း ၁၆ ဦး သေဆုံး

ပါလက်စတိုင်း ၁၆ ဦး သေဆုံး ခဲ့သည့် ဂျော်ဒန်နိုင်ငံမှ ယာဉ်တိမ်းမှောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အမ်မန်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဂျော်ဒန် နိုင်ငံတောင်ပိုင်းတွင် မတ်လ ၁၆ ရက် က ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှုကြောင့် ပါလက်စတိုင်း ၁၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အတွင်း ခရီးသည် ၃၀ ဦး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ဒဏ်ရာ ပြင်းထန်ကြောင်း ဂျော်ဒန်နိုင်ငံ မြို့ပြ ကာကွယ်ရေး ဦးစီးဌာန (CDD) က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်း နိုင်ငံသားများ သယ်ဆောင်လာသည့် ဘတ်စ်ကားသည် အစ္စလာမ် ဘာသာရေးဆိုင်ရာ ဘုရားဖူးရန် အတွက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ ဦးတည် ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်၊ မတ်လ ၁၆ ရက်တွင်လည်း အဆိုပါနေရာ၌ အလားတူ ယာဉ်တိမ်းမှောက်မှုမျိုး ဖြစ်ပွားခဲ့ပြီး မက္ကာမြို့မှ ပါလက်စတိုင်းသို့ ပြန်လာသည့် ပါလက်စတိုင်း နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117