Connect with us

Africa & Middle East

နိုင်ဂျီးရီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှု နှစ်ခုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အကြီးအကဲ ပြစ်တင် ရှုတ်ချ

နိုင်ဂျီးရီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ်က ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စု၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Maiduguri မြို့ ရှိ ဗလီတစ်ခုတွင် ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စုမှ လုပ်ဆောင်ခဲ့သည်ဟု ယူဆရသည့် အသေခံဗုံးခွဲမှု နှစ်ခု နှင့်ပတ်သက်၍ ကုလသမဂ္ဂ အကြီးအကဲ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မတ်လ ၁၇ ရက်က ပြစ်တင် ရှုတ်ချခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Borno ပြည်နယ် မြို့တော် Maiduguri ၏ အစွန်အဖျားရှိ Umarari ရွာ၏ ဗလီ တစ်ခုကို ပစ်မှတ်ထား ၍ မတ်လ ၁၆ ရက်တွင် အမျိုးသမီး အသေခံ ဗုံးခွဲသမား နှစ်ဦးက တိုက်ခိုက်ခဲ့ပြီး အနည်းဆုံးလူ ၂၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယား အခြေစိုက် ဘိုကိုဟာရမ် စစ်သွေးကြွ အုပ်စုသည် ၂၀၀၉ ခုနှစ်မှ စ၍ လူထောင်ပေါင်းများစွာကို ပြန်ပေးဆွဲခြင်း နှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ အကြမ်းဖက် လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကင်မရွန်းနိုင်ငံ၊ ချဒ်နိုင်ငံ နှင့် နိုင်ဂျာနိုင်ငံများ တွင်လည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.