Connect with us

Africa & Middle East

ဂျော်ဒန်နှင့်အီဂျစ်က ပါလက်စတိုင်း ပြည်သူများ၏တရားဝင်အခွင့်အရေးကို ကာကွယ်ရန် အလေးထား ပြောဆို

ဂါဇာကမ်းမြောင်ဒေသ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခမြင်ကွင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ ဘုရင် Abdullah IIနှင့် အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisiတို့သည် ဇန်နဝါရီ ၁၃ ရက် တွင် ဂျော်ဒန်နိုင်ငံအာမန်မြို့၌ တွေ့ဆုံဆွေးစဉ် ပါလက်စတိုင်း ပြည်သူများ၏တရားဝင် အခွင့်အရေးကို ကာကွယ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အီဂျစ်သမ္မတ Abdel-Fattah al-Sisiသည် ဇန်နဝါရီ ၁၃ ရက် အစောပိုင်းက ဂျော်ဒန်နိုင်ငံ မြို့တော် အာမန်မြို့ကို တရားဝင်ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်ရောက်ရှိလာခြင်းဖြစ်သည်။ ဂျော်ဒန်- အီဂျစ် နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးစဉ် ပါလက်စတိုင်းနှင့်အစ္စရေး ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းသွားစေရန် နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း(Two-state solution) ၊ ၂၀၀၂ ခုနှစ် အာရပ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အခြေခံပြီး ထာဝရ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် နိုင်ငံတကာအသိုက်အဝန်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုအပြင် အစ္စရေးအနေဖြင့် ပါလက်စတိုင်းနှင့် ပဋိပက္ခများတိုးပွားလာစေမည့် လုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းပြောဆို ခဲ့ကြသည်။

အာရပ်နိုင်ငံများတွင် အီဂျစ်နှင့်ဂျော်ဒန် နှစ်နိုင်ငံသာ အစ္စရေးနှင့် သံတမန်ဆက်ဆံရေးထားရှိကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် မတ်လ လကုန်ပိုင်းမှစ၍ ပါလက်စတိုင်းနှင့်အစ္စရေးအကြား ဂါဇာကမ်းမြောင်ဒေသနှင့် နယ်စပ်ဒေသတစ်လျှောက်တွင် ပဋိပက္ခများအဆက်မပြတ်ဖြစ်ပွားလျက် ရှိကြောင်း ၊ ပဋိပက္ခ ဖြစ်ပွားမှု များကြောင့် ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံးခဲ့ပြီး ၂၄၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းဘက်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117