Connect with us

Africa & Middle East

အာရပ်အဖွဲ့ချုပ်တွင် ဆီးရီးယား ပြန်လည်ပါဝင်ရန် ထောက်ခံသည်ဟု အီရတ်နိုင်ငံခြားရေးဝန်ကြီး ဆို

အီရတ်နိုင်ငံခြားရေးဝန်ကြီး Mohammad al-Hakimနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarifတို့အား ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

အာရပ်အဖွဲ့ချုပ် (League of Arab States)တွင် ဆီးရီးယားနိုင်ငံပြန်လည်ပါဝင်ရန် အီရတ်နိုင်ငံ အနေဖြင့် ထောက်ခံကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး Mohammad al-Hakim က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အီရတ်နိုင်ငံခြားရေးဝန်ကြီး Mohammad al-Hakim သည် ဇန်နဝါရီ ၁၃ ရက်က ဘဂ္ဂဒက်မြို့တွင် အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarifနှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

al-Hakimက နှစ်နိုင်ငံအနေဖြင့် ဆီးရီးယားနယ်နမိတ်အတွင်းရှိ အကြမ်းဖက်သမားတိုက်ဖျက်ချေမှုန်း ရေး၊ ဆီးရီးယားအစိုးရကို ထောက်ခံရေး၊ ဆီးရီးယား၏အချုပ်အခြာအာဏာနှင့်နယ်နိမိတ်ပိုင်နက်ကို ကာကွယ်ရေး စသည့်တို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် အာရပ်အဖွဲ့ချုပ်တွင် ဆီးရီးယား ပြန်လည် ပါဝင်နိုင်ရန် အီရတ်၏ထောက်ခံဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Javad Zarifက အာရပ်အဖွဲ့ချုပ်တွင် ဆီးရီးယား ပြန်လည်ပါဝင်နိုင်ရန်အတွက် အီရန်က အီရတ်နှင့်အတူ ကြိုးစား တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်း စိန်ခေါ်မှုများကို အတူရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၊အီရတ်၏အကြမ်းဖက်တိုက်ဖျက်ရေးကိုလည်းကောင်း ၊ ပြန်လည်တည်ဆောက်မှုများကိုလည်းကောင်း အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့အပြင် အမေရိကန်က အီရန်အပေါ်ပြုလုပ်သည့် ပိတ်ဆို့မှုများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြ သည်။

၂၀၁၁ ခုနှစ်တွင် ဆီးရီးယားအရေးဖြစ်ပွားပြီးနောက် အာရပ်အဖွဲ့ချုပ်က ဆီးရီးယားကို အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117