Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် လူအုပ်ထဲ ကုန်ကားဖြင့်တိုက်မိ၍ လူ ၁၄ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ကုန်တင်ကားမတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း Ekiti ပြည်နယ် ရှိ လူစည်ကားရာဈေးတစ်ခုအတွင်းသို့ ကုန်တင်ကားတစ်စီးဝင်တိုက်မိရာ လူ ၁၄ဦးသေဆုံးကြောင်း နိုင်ဂျီးရီးယားနိုင်ငံရှိ ပြည်တွင်းအာဏာပိုင်များက ဇန်နဝါရီ ၁၄ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ပြည်နယ်ဆိုင်ရာ ဖယ်ဒရယ်လမ်းအန္တရာယ်ကင်းရှင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးဖြစ်သူ Kugu Ismaila က ဇန်နဝါရီ ၁၃ရက်က Ekitiပြည်နယ် ရှိ Iworoko ဈေးကြီးအတွင်း ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် မီနီဘတ်စ် ၂စီး ပါဝင်ခဲ့ပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Ismaila က ကနဦးစုံစမ်းစစ်ဆေးချက်များအရ ကုန်ကားမောင်းသူသည် ကားအား အရှိန်မထိန်းနိုင်ဘဲ လူရှုပ်ထွေးရာဈေးအတွင်းသို့ ဝင်တိုက်မိသည်ဟု သိရှိရကြောင်း ပြောကြားခဲ့သည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သူ Bisi Ayedun က သေဆုံးသူအများစုသည် ဈေး၏ အပြင်ဘက်ခြမ်းမှ ဈေးဝယ်သူများ နှင့် ဈေးသည်များဖြစ်ကြောင်း ဆင်ဟွာသို့ အစောပိုင်းကပြောကြားခဲ့သည်။

Ayedun က အဆိုပါဈေးသည် ညသန်းခေါင်အထိဖွင့်လှစ်ကြောင်း၊ ဈေးသည်အများအပြားသည် ၎င်းတို့၏ ပစ္စည်းများကို လမ်းဘေးတွင် ခင်းကျင်း၍ ဈေးဝယ်သူများ ကို ဆွဲဆောင်တတ်ကြောင်း၊ အရှိန်ဖြင့် မောင်းနှင်လာသော ကုန်တင်ကားသည် ထိန်းချုပ်မှုကင်းမဲ့ကာ လမ်းဘေးရှိ လူများကို ဝင်တိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လမ်းအန္တရာယ်ကင်းရှင်းရေး ရဲတပ်ဖွဲ့ က ယင်းဖြစ်စဉ်သည် နှစ်ကူးကာလ နှင့် မကြာသေးမီကာလအတွင်း လူသေဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.