Connect with us

Africa & Middle East

မိုဂါဒစ်ရှူးတွင် ဗုံးပေါက်ကွဲ၊ လူ ၄၀ ဦး သေဆုံး

မိုဂါဒစ်ရှူးရှိ ဆာဖာရီဟိုတယ်အရှေ့တွင် အသေခံကားဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ကို အောက်တိုဘာလ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ နာမည်ကျော် ဟိုတယ် တစ်ခုအနီးတွင် အောက်တိုဘာလ ၁၄ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၄၀ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။မျက်မြင် သက်သေ တစ်ဦး ဖြစ်သူ အဒမ် မိုဟာမက်က ဆင်ဟွာသို့ ပြောကြားချက်အရ ပေါက်ကွဲစေသော ပစ္စည်းများ သယ်ဆောင်လာသော ယာဉ် တစ်စီးက ဆာဖာရီ ဟိုတယ် မျက်နှာချင်းဆိုင် KM5 လမ်းဆုံမှာ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူ အများစုမှာ အရပ်သားများ ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များက စုံစမ်းစစ်ဆေးရန်အတွက် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအား လုံခြုံရေးစည်း တားထားကြောင်း မိုဟာမက်က ဆင်ဟွာသို့ ပြောသည်။အခင်း ဖြစ်ပွားရာ နေရာ၌ ရှိနေသူ အခြား မျက်မြင်သက်သေ ဟမ်ဒီ အယ်လ်မီကလည်း ပေါက်ကွဲမှုကြောင်း အနီးဝန်းကျင် တစ်ခုလုံး ကျယ်လောင်စွာ မြည်ဟည်းပြီး လှုပ်ခါသွားခဲ့ကြောင်း ပြောခဲ့သည်။“ပေါက်ကွဲမှု ဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော်က အများသုံးယာဉ်ပေါ်မှာပါ။ ကျွန်တော်ရဲ့ နောက်မှာ မီးခိုးတွေပဲ မြင်နေရပြီးတော့ အဲ့ဒီ နေရာ တစ်ခုလုံး တုန်ခါသွားခဲ့တယ်” ဟု မိုဟာမက်က ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။အခင်း ဖြစ်ပွားသည့် နေရာအနီးရှိ အဆောက်အအုံများမှ ပြတင်းပေါက်မှန်များနှင့် တံခါးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117