Connect with us

Africa & Middle East

တာဂျစ်ကစ္စတန်နှင့် အရေးပါသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Sirodjidin Aslov (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အက်စ်တန်နာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့၏ သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့်မြောက်သည့် အခါသမယတွင် ကွန်ရက်ချိတ်ဆက်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍများကဲ့သို့ အရေးပါသည့် နယ်ပယ်များ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် တရုတ်က ဆန္ဒရှိကြောင်း တာဂျစ်ကစ္စတန်တွင် ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ဧပြီလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် တွဲလျက် ပြုလုပ်သည့် တာဂျစ်ကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Sirodjidin Aslov နှင့် အစည်းအဝေး၌ ဝမ်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် တာဂျစ်ကစ္စတန် နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်ကောင်းများ ဖြစ်သလို နှစ်နိုင်ငံ ခေါင်းဆောင်များကလည်း နက်ရှိုင်းသည့် အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တည်ထောင်ခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၂၅ နှစ်ပြည့်မြောက်သည့် အနေဖြင့် အထိမ်းအမှတ်ပွဲများစွာ ပြုလုပ်ခဲ့ကြကြောင်းနှင့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အစပျိုးမှု မူဘောင်အောက်မှ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး အရှိန်အဟုန်နှင့်အတူ လိုက်ပါရန်၊ ကွန်ရက် ချိတ်ဆက်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကဲ့သို့သော အရေးပါသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်က ပြောသည်။

တာဂျစ်ကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး Sirodjidin Aslov ကလည်း နှစ်နိုင်ငံ ညီရင်းအစ်ကို ချစ်ကြည်ရင်းနှီးမှုအား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ နယ်ပယ်များစွာတွင် တာဂျစ်ကစ္စတန်-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး၏ အမှန်တကယ် အကျိုးရလဒ်များ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန်သည် တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းအား ထောက်ခံခဲ့သည့် ပထမဆုံးနိုင်ငံများတွင် ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက်မှု၊ ဂိုဏ်းခွဲမှုဝါဒနှင့် အစွန်းရောက်မှု တိုက်ဖျက်ခြင်း စသည်တို့တွင် တရုတ်နိုင်ငံအတွက် စိတ်ချယုံကြည်ရသော မိတ်ဖက် တစ်နိုင်ငံဖြစ်ကြောင်း Aslov က ပြောခဲ့သည်။

ထို့ပြင် ၎င်းက တရုတ်နှင့်အတူ ကွန်ရက် ချိတ်ဆက်မှု တိုးမြှင့်သွားမည် ဖြစ်သလို သယ်ယူပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးတွင် နက်ရှိုင်းစွာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ကာ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများလည်း မြှင့်တင်သွားမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.