Connect with us

Africa & Middle East

တောင်အာဖရိကတွင် ယာဉ်တိုက်မှုကြောင့် ကျောင်းသား ၂၀ ဦး သေဆုံး

တောင်အာဖရိကတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့သည့် မီနီဘတ်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တောင်အာဖရိက မြောက်ပိုင်း Gauteng ပြည်နယ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ကျောင်းသား ၂၀ ဦး သေဆုံးခဲ့ကြောင်း Gauteng ပြည်နယ် ပညာရေးဋ္ဌာနက ဧပြီလ ၂၁ ရက်က ပြောကြားခဲ့သည်။

Verena မြို့နှင့် Bronkhorstpruit မြို့ကြားတွင် ကျောင်းသားများအား တင်ဆောင်လာသည့် မီနီဘတ်စ် တက္ကစီ တစ်စီးနှင့် ထရပ်ကား တစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ပညာရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ စတိဖ်မက်ဘိုနာက ပြောခဲ့သည်။

မီနီဘတ်စ် တက္ကစီမှာ ပေါက်ကွဲ မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

“ဒီ မတော်တဆမှုမှာ လူပေါင်း ၃၀ လောက် ပါနိုင်ပါတယ်၊ ဒါပေမဲ့ ကျောင်းသား ၂၀ ခန့်ကိုပဲ ကျွန်တော်တို့ အတည်ပြုနိုင်ပါသေးတယ်” ဟု မက်ဘိုနာက ပြောသည်။

ER24 အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု ပြောခွင့်ရပုဂ္ဂိုလ် ရက်ဆယ် မိုင်ရင်းက “မီးလောင်နေတဲ့ ကားကို မီးသတ်တပ်ဖွဲ့တွေ ငြှိမ်းသတ်ပေးခဲ့တယ်၊ ကံမကောင်းစွာဘဲ ကလေးတွေကိုတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘဲ သေဆုံးသွားခဲ့တယ်” ဟု မိုင်ရင်းက ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား မသိရှိရသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.