Connect with us

Africa & Middle East

မိုဆူးလ်မြို့ရှိ သမိုင်းဝင် အယ်နျူရီ ဗလီအား IS စစ်သွေးကြွတို့ ဖောက်ခွဲဖျက်ဆီး

မိုဆူးလ်မြို့ရှိ သမိုင်းဝင် အယ်နျူရီ ဗလီအား အဝေးမှ မြင်တွေ့ရစဉ် (ဆင်ဟွာ)

မိုဆူးလ်၊ ဇွန်လ ၂၂ ရက် (ဆင်ဟွာ)

မိုဆူးလ်မြို့ အနောက်ပိုင်း ရှိ သမိုင်းဝင် အယ်နျူရီ ဗလီ အနီးသို့ အီရတ်တပ်ဖွဲ့ဝင်များ ချီတက်လာ၍ အစွန်းရောက် IS စစ်သွေးကြွတို့သည် ယင်းဗလီအား ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း အီရတ် စစ်တပ် ကပြောကြားခဲ့သည်။

ပူးတွဲဗျူဟာမှူး က မိုဆူးလ်မြို့ အနောက်ပိုင်း မြို့ဟောင်း ၏အချက်အချာကျသော နေရာရှိ သမိုင်းဝင် အယ်နျူရီ ဗလီ အနီး ၅၀ မီတာ ခန့်သို့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များ ချီတက်လာ ၍ စစ်သွေးကြွ များ က ဗလီ နှင့် ၎င်း၏ ထင်ရှားကျော်ကြားသော မျှော်စင်တို့ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း CTS တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များ နှင့် စစ်သားများ၏ ထိုးစစ်ဆင်မှုများသည် IS တို့၏ အင်အားတောင့်တင်းသော ခုခံမှုများ၊ များစွာသော လမ်းမိုင်းများ နှင့် ဗုံးတပ်ဆင်ထားသော အဆောက်အအုံများ အပြင် လူဦးရေအလွန်ထူထပ်သော နေရာများရှိ အဆောက်အအုံများပေါ်ရှိ IS စစ်သွေးကြွ လက်ဖြောင့်တပ်သားများကြောင့် နှောင့်နှေးခဲ့ရကြောင်း သိရသည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ မြို့ဟောင်း နှင့် ၎င်းနှင့်ကပ်လျက် အယ်ရှီဖား ဒေသ ရှိ IS တို့၏ နယ်မြေများတွင် ပြည်သူပေါင်း ၁၀၀,၀၀၀ ခန့် ပိတ်မိနေကြောင်း နှင့် စစ်သွေးကြွများက ပြည်သူများကို လူသားဒိုင်းများသဖွယ် အသုံးချနေကြောင်း သိရသည်။

နိုင်ငံတကာမဟာမိတ် တပ်ပေါင်းစုက ကျောထောက်နောက်ခံပေးထားသော အီရတ်တပ်ဖွဲ့ဝင်များသည် အယ်ရှီဖား ဒေသ ရှိ IS စစ်သွေးကြွများကိုတိုက်ထုတ်ရန် ဇွန်လ ၁၈ ရက် နံနက်ပိုင်းက နောက်ဆုံးထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့ မြောက်ဘက် ၄၀၀ကီလိုမီတာ ရှိ မိုဆူးလ်မြို့ မှာ အစိုးရတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးခဲ့သည့် ၂၀၁၄ခုနှစ် ဇွန်လကတည်းက ISတို့၏ လက်အောက်သို့ကျရောက်ခဲ့ပြီး အီရတ်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသတို့၏ အစိတ်အပိုင်းများကို IS စစ်သွေးကြွတို့ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.