Connect with us

Africa & Middle East

တီဟီရန် မြေအောက်ရထား ဘူတာရုံ တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က အသေဖမ်းမိ

တီဟီရန်ရှိ မြေအောက်ရထားဘူတာရုံတွင် ရပ်ထားသည့် ရထားတစ်စီးအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ မြေအောက်ရထား ဘူတာရုံတွင် ဇူလိုင်လ ၁၅ ရက် နံနက်က တိုက်ခိုက်သူ တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက အသေ ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း တီဟီရန် တောင်ပိုင်း Shahr-e-Ray ခရိုင် အုပ်ချုပ်ရေးမှူး ဟတ်ဒီ တမ်ဟစ်ဒီက ပြောသည်။

ဖြစ်စဉ်မှာ Shahr-e-Ray မြေအောက်ဘူတာရုံတွင် တရားဟောဆရာ တစ်ဦးအား လူ တစ်ဦးက ဓားဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တရားဟောဆရာမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း တမ်ဟစ်ဒီက နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်း IRIB သို့ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် တိုက်ခိုက်ခံရသည့် တရားဟောဆရာအား ကူညီသည့် အခြား အမျိုးသား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထို တိုက်ခိုက်သူမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်း၌ သေဆုံးသွားခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေး လုပ်ဆောင်နေစဉ် ကာလအတွင်း မြေအောက်ဘူတာရုံလုပ်ငန်းများ ရပ်နားထားခဲ့ပြီးနောက် ဂိတ်တံခါးများ ဖွင့်ပေးခဲ့သလို အခြေအနေမှာလည်း ပုံမှန်အနေအထားသို့ ရောက်ရှိလာခဲ့ကြောင်း တမ်ဟစ်ဒီ၏ ပြောကြားချက်အရ သိရသည်။

တိုက်ခိုက်သူမှာ မည်သူ ဖြစ်ကြောင်း ထုတ်ဖော်ပြောထားခြင်း မရှိကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းက ဖော်ပြထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.