Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ မြောက်ပိုင်း တာ့ခ်ဟာပြည်နယ်တွင် သေနတ်ပစ်ခတ်မှုအတွင်း ရဲ ၈ ဦး အပါအဝင် ၁၈ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

တာလုခန်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တာ့ခ်ဟာပြည်နယ်မြောက်ပိုင်း ခေါဂျာဂါရ်ခရိုင်တွင် ဇန်နဝါရီလ ၁၀ ရက်က တိုက်ခိုက်မှုဖြစ်ပွားသဖြင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးနှင့် စစ်သွေးကြွ ၁၀ ဦး စုစုပေါင်း လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ခေါဂျာဂါရ်ခရိုင် ဂေါ့တပ်ပါနယ်မြေရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တွေကို ဒီနေ့ ဒေသစံတော်ချိန် နံနက် ၂း၀၀ နာရီက တာလီဘန်စစ်သွေးကြွအုပ်စုတစ်စုက တိုက်ခိုက်ခဲ့တာပါ။ နာရီအနည်းငယ်ကြာထိ အပြင်းအထန် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုမှာ စစ်သွေးကြွ ၁၀ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်” ဟု အိုမာက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သွေးကြွများစွာနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက အခိုင်အမာပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.