Connect with us

Africa & Middle East

အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဆေးဝါးများအား စက်ရုပ်ဖြင့် ရောင်းချ

ဒူဘိုင်း ရှိ ဆေးရုံတွင် အသုံးပြုမည့် ဆေးဝါးများရောင်းချပေးသော စက်ရုပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒူဘိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ဒူဘိုင်းမြို့ရှိ Rashid ဆေးရုံတွင် ဆေးဝါးများအား စက်ရုပ်ဖြင့်ရောင်းချခြင်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း UAE နိုင်ငံပိုင် WAM သတင်းဋ္ဌာန က ဇန်နဝါရီ ၁၃ ရက် ကဖော်ပြခဲ့သည်။

အဆိုပါ စမတ်ဆေးအရောင်းဆိုင်သည် စက်ရုပ်တစ်ရုပ်ကို အသုံးပြု၍ သတ်မှတ်ဆေးဝါးများကို ရောင်းချပေးခြင်းဖြစ်ပြီး UAE နိုင်ငံ၏ ပထမဆုံး စက်ရုပ်အသုံးပြု ဆေးရောင်းချခြင်းဖြစ်သည်။ ယင်းစနစ်သည် ဘားကုတ်တစ်ခုပေါ်အခြေခံထားသော ခလုတ်တစ်ခုကို နှိပ်ရုံဖြင့် ဆေးဝယ်ယူနိုင်မည်ဖြစ်ပြီး လူကြောင့်ဖြစ်သည့် အမှားများကို အနည်းဆုံးလျှော့ချနိုင်မည်ဖြစ်ကြောင်း သတင်း၌ဖော်ပြထားသည်။

ယင်းစက်ရုပ်သည် ဇန်နဝါရီ ၁၅ရက်မှ စတင်၍ ဆေးဝယ်ယူသူများအား ဆေးဝါးများ စတင် ရောင်းချပေးတော့မည်ဖြစ်ပြီး ဆေးဝါးအမျိုးအစား ၃၅,၀၀၀အထိ သိမ်းဆည်းထားနိုင်ကာ ဆေးမှာယူမှု ၁၂ခုအား ၁မိနစ်အတွင်းမှာပင် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ဝယ်ယူသူများ စောင့်ဆိုင်းချိန်နည်းပါးအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ဒူဘိုင်းကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်း (DHA) က ၎င်း၏ဆေးရုံအားလုံးတွင် စက်ရုပ်အသုံးပြု၍ ဆေးရောင်းချခြင်းကို မကြာမီ အသုံးပြုသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။စက်ရုပ်ဖြင့် ဆေးရောင်းချခြင်းသည် ၂၀၁၆-၂၀၂၁ခုနှစ် မဟာဗျူဟာ နှင့် ကိုက်ညီမှုရှိစေရန် အာဏာပိုင်များက ဆောင်ရွက်ခဲ့သည့် နောက်ဆုံးပေါ်နည်းပညာများအနက် တစ်ခုဖြစ်ကြောင်း နှင့် ပျော်ရွှင်ကျန်းမာသည့် လူအဖွဲ့အစည်း တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ကြောင်း DHA ကပြောကြားခဲ့သည်။ကမ္ဘာ့အရှည်ဆုံး Burj Khalifa တာဝါအနီး Business Bay ရှိ ဒူဘိုင်းအစိုးရ က ပထမဆုံးမောင်းသူမဲ့ကားများစမ်းသပ်မောင်းနှင်ခြင်း နှင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်များအား ခရီးဦးကြိုပြုသည့် စက်ရုပ်များထားရှိခြင်း တို့အပါအဝင် UAE နိုင်ငံသည် အာရပ်ကမ္ဘာအတွင်း ဒစ်ဂျစ်တယ်စီးပွားရေးစနစ်အား ရှေ့ဆုံးမှဦးဆောင်ရန် အများပြည်သူဆိုင်ရာ နေရာများစွာတွင် စက်ရုပ်များ ထားရှိအသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117