Connect with us

Africa & Middle East

ပင်လယ်ကွေ့၌ လောင်စာဆီများ “မှောင်ခို” သယ်ဆောင်သည်ဟုဆိုကာ အီရန်က အီရတ်ဆီတင်သင်္ဘောကို ဖမ်းဆီး

အီရန်နိုင်ငံက ဖမ်းဆီးလိုက်သည့် အီရတ်လောင်စာဆီတင်သင်္ဘောအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံအစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) က ပင်လယ်ကွေ့၌ လောင်စာဆီများ “မှောင်ခို” သယ်ဆောင်သည်ဟုဆိုကာ အီရတ်ဆီတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက သြဂုတ် ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့ကIRNA သတင်းဌာနမှ ထုတ်ပြန်သည့် ရုပ်သံဖိုင်တစ်ခုတွင် အိမ်နီးချင်း အီရတ်နိုင်ငံမှ လောင်စာဆီ လီတာ ၇ဝဝ,ဝဝဝ တင်ဆောင်ထားသော ဆီတင်သင်္ဘောကို ထုတ်ဖော်ပြသခဲ့သည်။

၎င်းဆီတင်သင်္ဘောသည် ဂတ်စ်ဆိုလင်း(gasoline) ဆီများကို မှောင်ခို တင်ဆောင်လာခဲ့ကြောင်း သတင်းက ဆိုသည်။

IRGC အစောင့်တပ်မှူး Ramezan Zirahi က သြဂုတ် ၄ ရက်တွင် ပြောကြားရာ၌ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်၏ အမှတ်(၂)ရေတပ်ဖွဲ့အနေဖြင့် ဇူလိုင် ၃၁ ရက် ညပိုင်းက Farsi ကျွန်းအနီးတွင် မှောင်ခိုသင်္ဘောကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သင်္ဘောပေါ်တွင် မတူကွဲပြားသော နိုင်ငံများမှ သင်္ဘောသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်းသင်္ဘောကို အီရန်နိုင်ငံတောင်ပိုင်းရှိ Bushehr ဆိပ်ကမ်းသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Zirahi က ဆက်လက်ပြောကြားခဲ့သည်။

အီရန်တရားရေးဌာနမှ အရာရှိများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးနောက် ဖမ်းဆီးရမိသော ဆီတင်သင်္ဘောကို Bshehr ပြည်နယ်အတွင်းရှိ အီရန်အမျိုးသားရေနံထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီသို့ပို့ဆောင်ခဲ့ကြောင်း IRNA သတင်းက ဆိုသည်။

အီရန်အစောင့်တပ်ဖွဲ့(IRGC) က ပင်လယ်ကွေ့ဒေသ၌ အီရန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၄ ရက်က IRGC သည် ပင်လယ်ကွေ့အတွင်း Larak ကျွန်းတောင်ပိုင်း၌ အီရန်ရေနံဆီ လီတာ တစ်သန်းကျော်ကို ခိုးဝှက်သယ်ဆောင်လာသည့် ပနားမားအလံလွှင့်ထူထားသော Raih လောင်စာဆီတင်သင်္ဘောကို ဖမ်းဆီးခဲ့သည်။

ထို့ပြင် IRGC သည် ဇူလိုင် ၁၉ ရက်ကလည်း ယူကေအလံလွှင့်ထူထားသည့် Stena Impero ဆီတင်သင်္ဘောကို ဟော်မြူ့(Hormuz) ရေလက်ကြားဖြတ်သန်းနေစဉ် “ နိုင်ငံတကာရေကြောင်းဥပဒေများကို လေးစားလိုက်နာရန်ပျက်ကွက်မှု”ဖြင့် ဖမ်းဆီးသိမ်းပိုက်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117