Connect with us

Africa & Middle East

ဆူဒန် ကလေးငယ်များအတွက် ကန်ဒေါ်လာ သန်း ၁၁၀ ထောက်ပံ့မည်ဟု ယူနီဆက် ကြေညာ

ကျန်းမာရေး ပညာပေး ဟောပြောနေသည့် ယူနီဆက် ဝန်ထမ်းနှင့် နားထောင်သူများအား တွေ့ရစဉ် (အေအက်ဖ်ပီ/ဆင်ဟွာ)

Khartoum ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံရှိ ကလေးငယ်များအတွက် လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် အမေရိကန် ဒေါ်လာ သန်း ၁၁၀ တိုးမြှင့်ပေးမည့် ကြေညာချက်အား ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ဆူဒန်ရုံးခွဲက ကြေညာလိုက်သည်။

ထိုသို့ ကူညီထောက်ပံ့မည့် အစီအစဉ်သည် ကလေးများအတွက် ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု တစ်နှစ်တာ ယူနီဆက် အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ကြောင်း ဆူဒန်နိုင်ငံဆိုင်ရာ ယူနီဆက် ဋ္ဌာနေကိုယ်စားလှယ် အဗ္ဗဒူလ်လာဖာဒီလ်က ပြောသည်။

ယင်း အကူအညီများအား ဆူဒန်နိုင်ငံအတွင်းရှိ ကလေးငယ် နှစ်သန်းထံသို့ ရောက်ရှိနိုင်ရန် ဆူဒန်ရှိ ယူနီဆက်က ရည်ရွယ်ထားကြောင်း သိရသည်။

အာဟာရ ချို့တဲ့သော အာဖရိက ကလေးငယ်၏ ၁၃ ရာခိုင်နှုန်းခန့်သည် ဆူဒန်နိုင်ငံတွင် ရှိနေကြောင်း၊ ဆူဒန်ရှိ အသက် ၅ နှစ်အောက် ကလေးငယ် နှစ်သန်းသည် အာဟာရ ချို့တဲ့သူများ ဖြစ်ကြောင်း၊ ယင်းအနက် ၅၅၀,၀၀၀ ဦးမှာ ဆိုးဝါးစွာ အာဟာရ ချို့တဲ့မှု ဖြစ်နေကြောင်း ကိန်းဂဏန်းများက ပြသထားသည်။

ပဋိပက္ခများကြောင့် ရွှေ့ပြောင်းသွားလာမှုများ၊ အယ်လ်နီညို၊ ကပ်ရောဂါများ၊ ရေကြီးခြင်းများ၊ မိုးခေါင်ခြင်းများက ဆူဒန် ကလေးများ၏ အာဟာရနှင့် စားနပ်ရိက္ခာ လုံခြုံရေး အခြေအနေကို ပိုပြီး ဆိုးဝါးစေခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆူဒန်နိုင်ငံရှိ ကလေးငယ်များ သေဆုံးရခြင်း အကြောင်းရင်းများ၌ ငှက်ဖျား၊ သွေး အဆိပ်သင့်ခြင်း၊ အဆုတ်ရောင်ရောဂါ၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အစာအိမ် အူရောင်ရမ်းနာ၊ သွေးအားနည်းရောဂါနှင့် နှလုံးရောဂါ စသည်တို့လည်း ပါဝင်ကြောင်း ဆူဒန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဋ္ဌာန၏ အစောပိုင်း ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ဆူဒန်နိုင်ငံ အစိုးရသည် ၎င်း၏ မိတ်ဖက်များနှင့်အတူ အာဟာရ ချို့တဲ့မှုနှင့် မွေးကင်းစ ကလေးငယ် သေဆုံးမှုနှုန်း လျှော့ချရေး စသော နိုင်ငံ၏ ဦးစားပေး အစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117