Connect with us

Africa & Middle East

ရုရှားပျက်ကျ လေယာဉ်၏ Black Box တွေ့ရှိ၊ သေဆုံးသူများ၏ ရုပ်အလောင်းများအား ကိုင်ရို ရင်ခွဲရုံသို့ ပို့ဆောင်

ပျက်ကျသွားသော ရုရှား လေကြောင်းလိုင်းပိုင် လေယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- Egypt's PM Office)

ကိုင်ရို၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

အောက်တိုဘာလ ၃၁ ရက် အစောပိုင်းက အီဂျစ်နိုင်ငံ ဆိုင်နိုင်း ဒေသတွင် ပျက်ကျခဲ့သော ရုရှား လေယာဉ်၏ Black Box အား ရှာဖွေ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂၉ ဦး၏ ခန္ဓာကိုယ်များလည်း ပြန်လည် တွေ့ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် ရှာရစ်ဖ် အစ္စမေးလ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် ဆိုင်းနိုင်းဒေသ မြောက်ပိုင်းတွင် ပျက်ကျခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ကာ ၎င်းတို့ အထဲ၌ ရုရှား လူမျိုး အများဆုံး ပါဝင်သည်။ လူနာတင်ယာဉ် အစီး ၅၀ ဖြင့် သေဆုံး ခန္ဓာကိုယ်များအား ကိုင်ရိုမြို့ရှိ Zeinhom ရင်ခွဲရုံသို့ လွှဲပြောင်း ပေးခဲ့ရ ကြောင်း အစ္စမေးလ်က သတင်းထောက်များအား ပြောသည်။

အီဂျစ်နိုင်ငံ မြို့ပြ လေကြောင်း ဝန်ကြီးဋ္ဌာနက စစ်လေယာဉ်များသည် ဆိုင်းနိုင်းကျွန်း အလယ်၌ ပျက်ကျခဲ့သော ခရီးသည် ၂၂၄ ဦးနှင့် ဝန်ထမ်းများ ပါဝင်လျက် ထွက်ခွာခဲ့သော ရှရှားလေယာဉ်၏ အစိတ်အပိုင်းများအား ရှာဖွေ ခဲ့သည်။ ယင်းအစိတ်အပိုင်းများအား Arish မြို့တောင်ဘက် ၃၅ ကီလိုမီတာအကွာ တောင်ထူထပ်သော Hassana ၌ တွေ့ရှိခဲ့သည်။

ကိုင်ရိုရှိ ရုရှားသံရုံးက လေယာဉ်တွင် ခရီးသည် ၂၁၂ ဦးနှင့် ဝန်ထမ်း ၇ ဦး လိုက်ပါလာခဲ့ပြီး လေယာဉ်ပျက်ကျ မှုတွင် အားလုံး သေဆုံးခဲ့ရကြောင်း ပြောခဲ့သည်။ဆိုင်နိုင်း အခြေစိုက် အိုင်အက်စ် စစ်သွေးကြွ အုပ်စုက ယင်းလေယာဉ် ပျက်ကျမှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း အီဂျစ်နှင့် ရုရှား နှစ်ဘက်စလုံးက အဆိုပါအချက်ကို ငြင်းဆိုထားသည်။“Black Box က လေယာဉ် ပျက်ကျမှုရဲ့ အကြောင်းရင်းကို ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်” ဟု အစ္စမေးလ်က ပြောသည်။

အီဂျစ် အရာရှိ တစ်ဦးက လေယာဉ် ပျက်ကျမှုသည် နည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်ပြီး ပစ်ချ ခံရခြင်း မဟုတ်ကြောင်း နိုင်ငံပိုင် အာဟမ် အွန်လိုင်း သတင်း ဝက်ဘ်ဆိုဒ်သို့ ပြောသည်။
အဆိုပါ လေယာဉ်သည် ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့သို့ အပြန်ခရီး အဖြစ် အီဂျစ် ပင်လယ်နီ ဒေသ အပန်းဖြေ စခန်း ရှမ် အယ်ရှိတ်မှ ထွက်ခွာလာ ခဲ့ပြီးနောက် ရေဒါဆက်သွယ်မှုမှ ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။
ရုရှား လေကြောင်းလိုင်း Kogalymavia ပိုင် ဖြစ်သည့် အဆိုပါ Air Bus 321 လေယာဉ်သည် ဒေသ စံတော်ချိန် နံနက် ၅း၅၈ နာရီ တွင် စတင် ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး ၂၃ မိနစ်အကြာတွင် ရေဒါ ဆက်သွယ်မှု ပျောက်ကွယ် သွားခြင်းဟု သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းကိစ္စအား အီဂျစ်နိုင်ငံနှင့် အတူ ပူးတွဲ စုံစမ်းရန် ရုရှား အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေက ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့ကြောင်း အီဂျစ် ဝန်ကြီးချုပ်က ပြောသည်။ (Xinhua)