Connect with us

Africa & Middle East

အီးယူက လူသားချင်းစာနာထောက်ထားမှု အကူအညီ ယူရို ၂၈ သန်း ဂျော်ဒန် ကို ပေးအပ်

ဂျော်ဒန်နိုင်ငံရှိ ဒုက္ခသည် စခန်းတစ်ခုတွင် ခိုလူံနေကြသော ဆီးရီးယား ကလေးငယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဆီးရီးယား ပဋိပက္ခကြောင့် ရွှေ့ပြောင်း လာရသူများအား လက်ခံထားသည့် ဂျော်ဒန်နိုင်ငံရှိ လူ့အဖွဲ့အစည်းများ သို့ လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ အကူအညီ ယူရို ၂၈ သန်း ပေးအပ်ခဲ့ကြောင်း ဥရောပ ကော်မရှင် က နိုဝင်ဘာလ ၁ ရက်နေ့က ကြေညာ လိုက်သည်။

ဥရောပ ကော်မရှင် ၏ သတင်းစာ ရှင်းလင်းပွဲအရ ယင်းရန်ပုံငွေ ခွဲဝေပေးခြင်းအား ဂျော်ဒန် နှင့် လက်ဘနွန် နိုင်ငံသို့ ရောက်ရှိနေသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ပဋိပက္ခ စီမံခန့်ခွဲမှုဆိုင်ရာ ဥရောပ ကော်မရှင် နာမင်းကြီး ခရစ္စတော့စ် စတိုင်လင်နိုက်က ကြေညာခဲ့ကြောင်း သိရသည်။

လာမည့် ဆောင်းရာသီ၌ ဂျော်ဒန်နိုင်ငံတွင် ရပ်တည်ရန် အခက်ခဲဆုံး ဆီးရီးယား ဒုက္ခသည် များ အား ဥရောပ သမဂ္ဂက ထပ်တိုး ကူညီပေးနိုင်မည် ဖြစ်ကြောင်း စတိုင်လင်နိုက်က ပြောသည်။

၎င်းက “ဒီရန်ပုံငွေက ဒုက္ခသည်များနဲ့ လက်ခံပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေသန့်၊ အမိုးအကာ၊ အိမ်လခ နဲ့ ပညာရေး စတဲ့ အခြေခံ လိုအပ်ချက် တွေကို ကာမိနိုင်ပါလိမ့်မယ်” ဟု ပြောသည်။

၎င်း၏ ခရီးစဉ်အတွင်း ဂျော်ဒန်နိုင်ငံ အတွင်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း များနှင့် အစိုးရ တာဝန်ရှိသူများ ပူးပေါင်း၍ ဆီးရီးယား ဒုက္ခသည်များ၏ ကြီးထွားလာသော လိုအပ်ချက်များအား ဆွေးနွေးခဲ့ကြသလို ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေများ အား ကြည့်ရှုခဲ့သည်။

အဆိုပါ ရန်ပုံငွေ ခွဲဝေခြင်းသည် စက်တင်ဘာလ အတွင်း ကော်မရှင်မှ အဆိုပြုထားသော လူသားချင်း စာနာ ထောက်ထားမှု ထပ်တိုး အကူအညီ ယူရို သန်း ၂၀၀ နှင့် ဆက်စပ်၍ UNHCR ၊ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် နှင့် သက်ဆိုင်သော အဖွဲ့အစည်းများက တောင်းဆိုထားသည့် ဒုက္ခသည်များ အတွက် လက်ငင်း လိုအပ်နေ သော အကူအညီများအား ချက်ချင်းထောက်ပံ့နိုင်ရန် လောလောလတ်လတ် ကြေညာလိုက်ခြင်း ဖြစ် သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117