Connect with us

Africa & Middle East

ဘာရိန်းတွင် ရဲတပ်ဖွဲ့ဝင်အား သတ်ဖြတ်၍ ထောင်ဖောက်ပြေးမှုဖြစ်ပွား

Jaw အကျဉ်းထောင် ၌ ၂၀၁၅ခုနှစ် မတ်လတွင်ဖြစ်ပွားခဲ့သည့် ထောင်တွင်းဆူပူထကြွမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မာနာမာ၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

ဘာရိန်းနိုင်ငံ၏ အကြီးဆုံး အကျဉ်းထောင်တစ်ခုတွင် ဇန်နဝါရီ ၁ရက်က အကြမ်းဖက်မှုဖြင့် အကျဉ်းကျနေသူများစွာသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်ဖြတ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ထောင်ဖောက်မှုသည် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခံရသည့် အကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများအား ထိန်းသိမ်းထားသည့် ပြန်လည်ပြုပြင်ရေး နှင့် ပြန်လည်ထူထောင်ရေး အဆောက်အအုံ၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာနက Jaw အကျဉ်းထောင်ဖောက်မှုဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေးခြင်းအား တားဆီးရန်ကြိုးပမ်းခဲ့သေ Abdulsalam Saif အမည်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ အတည်ပြုပြောကြားခဲ့သည်။

အကြမ်းဖက်ပြစ်မှုရှိသည့် အကျဉ်းသားများစွာ Jaw အကျဉ်းထောင်မှ လွတ်မြောက်သွားခြင်းသည် အကျဉ်းထောင်၏ လုံခြုံရေး၊ တရားဝင်ဆောင်ရွက်ချက်နည်းစဉ်များ နှင့်ပတ်သက်၍ သတိပေးနေသကဲ့သို့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

၂၀၁၅ခုနှစ် မတ်လတွင်လည်း Jaw အကျဉ်းထောင်၏ အလားတူ အဆောက်အအုံမှ အကျဉ်းသားများ ပုန်ကန်ထကြွမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး၍ ပြန်လည် ထိန်းချုပ်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.