Connect with us

Africa & Middle East

ဗဟို အာဖရိက သမ္မတ နိုင်ငံ မြောက်ပိုင်းတွင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၄ ဦး သေဆုံး ၁၇ ဦး ဒဏ်ရာရရှိ

ဗဟို အာဖရိက သမ္မတ နိုင်ငံ ရှိ စစ်ဘေး ဒုက္ခသည် များကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ယူအန်ဒီ(Yaoundé) ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်း ဖြစ်သည့် “နယ်စည်းမခြား ဆရာဝန်များအသင်း” ၏ သြဂုတ်လ ၁၀ ရက် ထုတ်ပြန်ချက်အရ လတ်တလော ရက်ပိုင်းတွင် ဗဟို အာဖရိက သမ္မတ နိုင်ငံ မြောက်ပိုင်း Batangafo မြို့တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု ကြောင့် သေဆုံးသူပေါင်း ၂၄ ဦး ရှိလာပြီး ဒဏ်ရာရရှိသူ ၁၇ ဦး ရှိကြောင်း သိရှိခဲ့ရသည်။

ထုတ်ပြန်ချက်တွင် Séléka မဟာမိတ် အဖွဲ့ဝင်ဟောင်း နှင့် ဒေသတွင်းရှိ ကာကွယ်ရေး တပ်ဖွဲ့ အကြား ဇူလိုင်လ ၂၉ ရက် နှင့် သြဂုတ်လ ၁ ရက်နေ့ တို့၌ Batangafo မြို့တွင် တိုက်ခိုက်မှု များဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ခိုက်မှု ဖြစ်ပွားသည့် နှစ်ဖက်သော အဖွဲ့အစည်း မှ လူနာ များကို “နယ်စည်းမခြား ဆရာဝန်များအသင်း” က ဆေးဝါး ကုသမှု များ ဆောင်ရွက်ပေးနေပြီး တိုက်ခိုက်မှု ကြောင့် လူပေါင်း တစ် သောင်းခန့် ရွှေ့ပြောင်းထွက်ခွာ ခဲ့ရကာ ဒုက္ခသည် စခန်းတစ်ခု သည် တိုက်ခိုက်မှုများ အကြား လှယက်ခြင်း နှင့် မီးရှို ဖျက်ဆီး ခြင်းကို ခံခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ဗဟို အာဖရိက သမ္မတ နိုင်ငံ တွင် လတ်တလော နှစ်ပိုင်း တွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် FACA နှင့် Séléka မဟာမိတ် အဖွဲ့ဝင်ဟောင်း အကြား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား ခဲ့ကြသောကြောင့် ပြည်သူလူထု အများအပြား နေအိမ်ရွှေ့ပြောင်း ထွက်ခွာ ခဲ့ရာကာ ကယ်ဆယ်ရေး နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ တို့မှမကြာခဏ တိုက်ခိုက် ခံရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.