Connect with us

Asia

ဂျပန်နိုင်ငံ ကာဂိုရှီးမားစီရင်စံ၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ဂျပန်နိုင်ငံ ကာဂိုရှီးမား စီရင်စုရှိ Nishinoomote မြို့ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကျွန်း(Kyushu) ၏ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသော ကာဂိုရှီးမားစီရင်စု(Kagoshima) ၌ ဇန်နဝါရီ ၈ ရက်က ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးဇလအေဂျင်စီ(JMA) က ဆိုသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ကနဦးတိုင်းတာချက်များအရ ပြင်းအားမှာ ၅.၉ မှ ၆.၄ အဆင့်ရှိ ရှိကြောင်း JMA က ဆိုသည်။

၎င်းငလျင်သည် ဒေသစံတော်ချိန် ည ၉ နာရီ ၃၉ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၁၂၃၉ နာရီ) တွင် လှုပ်ခတ်ခဲ့ကြောင်း ၊ မြောက်လတ္တီကျူ့၃ဝ.၆ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၃၁.၂ ဒီဂရီ အကြား ၊ မြေအောက်အနက် ၃ဝ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်သည် ကာဂိုရှီးမားစီရင်စု၏ နေရာအချို့တွင် လှုပ်ခတ်မှု ၄ ကြိမ်ထိဖြစ်ပေါ်ခဲ့ကြောင်း ၊ အမြင့်ဆုံးအဖြစ် ပြင်းအား ၇ အဆင့်ထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပေ။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.