Connect with us

Asia

နယ်စပ်ဒေသအတွင်း ပူးတွဲလုံခြုံရေးနယ်မြေမှ အစောင့်တပ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ရုပ်သိမ်းရေး မြောက်ကိုရီးယား ၊ တောင်ကိုရီးယား နှင့် ကုလသမဂ္ဂ တို ့သဘောတူညီမှု ရရှိ

မြောက်ကိုရီးယား၊တောင်ကိုရီးယား နှင့် ကုလသမဂ္ဂ တာဝန်ရှိသူများ ဆွေးနွေးစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

တောင်ကိုရီးယား ၊ မြောက်ကိုရီးယား နှင့် ကုလသမဂ္ဂတပ်ဖွဲ့တို့သည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဒေသအတွင်းရှိ ပူးတွဲလုံခြုံရေးနယ်မြေ(JSA) မှ အစောင့်တပ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ရုပ်သိမ်းရန် အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထား၍ အောက်တိုဘာ ၂၂ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စစ်မဲ့ဇုံ(DMZ) အတွင်း နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံးရွာရှိ တောင်ကိုရီးယားနိုင်ငံ၏ လွတ်လပ်ခြင်းအိမ်တော်(Freedom House) ၌ ပြုလုပ်သည့် ပူးတွဲလုံခြုံရေးနယ်မြေ(JSA)အား လက်နက်ကင်းစင်ရေး ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် အထက်ပါသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ပထမအကြိမ်အစည်းအဝေးကို ပြီးခဲ့သော ရက်သတ္တပတ်က ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက် မှ စတင်ကာ JSA နယ်မြေအတွင်းရှိ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကို ကိုရီးယားနှစ်နိုင်ငံ မှ စစ်သားများက ရက်ပေါင်း နှစ်ဆယ်ကြာ ဆောင်ရွက်ခဲ့ပြီး ယင်းမှာ ၁၉၅ဝ-၅၃ ကိုရီးယားကျွန်းဆွယ်စစ်ပွဲပြီးနောက် သဘောတူညီချက်နှင့်အတူ မှန်ကန်သော ဆောင်ရွက်မှုတစ်ခု ဖြစ်သည်။

ဒုတိယအကြိမ်အစည်းအဝေးအတွင်း ကိုရီးယားနှစ်နိုင်ငံ နှင့် ကုလသမဂ္ဂတပ်ဖွဲ့သည် အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ အစောင့်တပ်များ နှင့် လက်နက်ကိုင်တပ်ဖွဲ့များရုပ်သိမ်းရေး သဘောတူညီမှုတစ်ခုကို ချမှတ်နိုင်ခဲ့ပြီး လာမည့်နှစ်ရက်အတွင်း ပူးတွဲအကောင်အထည်ဖော်ရေးအစီအစဉ်ကို ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

JSA နယ်မြေအတွင်း မြေမြှုပ်မိုင်း ဖယ်ရှားရှင်းလင်းရေးကို တရားဝင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သက်ဆိုင်ရာအဖွဲ့အစည်းသုံးခုအကြား ပူးတွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သော စက်တင်ဘာလက တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်တို့အကြား ပြုံယမ်းမြို့၌ ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် JSA နယ်မြေတွင် လက်နက်ဖယ်ရှားရှင်းလင်းရေးကို သဘောတူညီမှုခဲ့ကြခြင်းဖြစ်သည်။အဆိုပါ လက်နက်ဖယ်ရှားရှင်းလင်းရေးဆောင်ရွက်ပြီးနောက်တွင် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံသည် အရာရှိ ၅ ဦးစီ ပါဝင်သည့် တစ်ဖက်လျှင် လက်နက်မဲ့ စစ်သား ၃၅ ဦးစီပါဝင်သော ကင်းလှည့်စခန်းတစ်ခုအတွက် စီစဉ်ထားကြောင်း သိရသည်။(Xinhua)