Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ လေးထပ်အဆောက်အဦတစ်ခုတွင် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် ကရာချိမြို့ Gulshan-e-Iqbal နယ်မြေရှိ လေးထပ်အဆောက်အဦတစ်ခု၏ ပထမထပ်တွင် ဖြစ်ပွားခဲ့ပြီး အားပြင်းသော ပေါက်ကွဲမှုကြောင့် မြေညီထပ်လည်း ပျက်စီးသွားခဲ့ကြောင်း Dawn News က သတင်းအရ သိရသည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)
သေဆုံးသူများနှင့် ဒဏ်ရာရသူများအနက် အဆောက်အဦတွင် နေထိုင်သူများနှင့် ယင်းအဆောက်အဦ၏ မြေညီထပ်တွင် ဖွင့်လှစ်ထားသော ဘဏ်မှဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။ အဆောက်အဦပြင်ပတွင် ရပ်နားထားသည့် မော်တော်ယာဉ်များလည်း ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သတင်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးလျှင်ပြီးချင်း ဒေသခံရဲတပ်ဖွဲ့က အဆိုပါ ပေါက်ကွဲမှုသည် အဆောက်အအုံအတွင်းရှိ ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များက အပျက်အစီးများကြားမှ ဖောက်ခွဲရေးပစ္စည်းကိရိယာများ ရှာဖွေတွေ့ရှိခဲ့သဖြင့် မူလထုတ်ပြန်ခဲ့သော ကြေညာချက်အား ပြန်လည် ရုပ်သိမ်းခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို အတိအကျသိနိုင်ရန် အခင်းဖြစ်ရာနေရာသို့ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ ရောက်ရှိလာခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပြောင်းရွှေ့ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် ၇ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိသည်ဟု ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်းမရှိသေးပေ။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.