Connect with us

Asia

ဖုန်းလိုင်းမိအောင် သစ်ပင်ပေါ်တက်ပြီး ဖုန်းဆက်ခဲ့တဲ့ အိန္ဒိယ ဝန်ကြီး

ဖုန်းလိုင်းမိစေရန် သစ်ပေါ်တက်ခဲ့သည့် အိန္ဒိယ ဝန်ကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် ဖုန်းလိုင်း ရှင်းရှင်းလင်းလင်း မိစေရန်အတွက် အိန္ဒိယ ဝန်ကြီး Arjun Ram Meghwal သည် သစ်ပင် တစ်ပင်ပေါ်သို့ တက်ကာ ဖုန်းဆက်ခဲ့ရကြောင်း ဇွန်လ ၅ ရက်ထုတ် သတင်းများက ဖော်ပြထားသည်။

ဘဏ္ဍာရေးနှင့် ကော်ပိုရိတ်ရေးရာ ပြည်နယ်ဝန်ကြီးသည် ဇွန်လ ၄ ရက်က ရာဂျက်စတန်ပြည်နယ် မြို့တော် ဂျိုင်ပါ၏ အနောက်မြောက်ဘက် ၃၇၅ ကီလိုမီတာခန့်အကွာ ဘီကန်နာခရိုင်ရှိ သစ်ပင် တစ်ပင်ပေါ် တက်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်ဝန်ကြီး Meghwal သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော Dholiya ကျေးရွာသို့ သွားရောက်စဉ် ယခုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်းများအရ ထိုကျေးရွာရှိလူများက ဝန်ကြီးထံ ၎င်းတို့၏ ပြဿနာများ တင်ပြခဲ့ကြောင်း၊ ယင်း အကြောင်းများအား ဝန်ကြီးက အခြား တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားရန် ကြိုးစားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဖုန်းလိုင်းမမိသဖြင့် ဖုန်းလိုင်းမိစေရန် သစ်ပင်ပေါ် တက်ကာ ဖုန်းဆက်ရန် ရွာသားများက အကြံပြုခဲ့သည်ဟု ဆိုသည်။

ဝန်ကြီးက သစ်ပင်ပေါ်တက်ရန် သဘောတူပြီးနောက် ရွာသားများက လှေကား တစ်ခု ချက်ချင်း ယူပေးခဲ့ကြောင်း သိရသည်။

သစ်ပင်ပေါ်တွင် ခန္ဓာကိုယ် ဟန်ချက်မျှအောင် ထိန်းရင်း ဖုန်းပြောနေသည့် Meghwal ၏ ဗီဒီယိုကို လူမှု မီဒီယာများပေါ်တွင် မျှဝေခဲ့ကြသည်။

ကျေးရွာအတွက် ဖုန်းလိုင်းမိစေရန် သာမာန် အရပ်သားများအနေဖြင့် ဖုန်းလိုင်းကောင်းစွာမိရန် သစ်ပင်ပေါ်တက်၍ ပြောကြားရခြင်းသည် ပုံမှန် လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတစ်ဝန်း အထူးသဖြင့် ကျေးလက်ဒေသများ၌ မိုဘိုင်းဖုန်း ဆက်သွယ်မှုလိုင်းများ ကောင်းမွန်ခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.