Connect with us

Asia

မှုခင်းများ တိုက်ဖျက်ရန် မျက်နှာကိုမှတ်သားသောစနစ်အား မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် အသုံးပြု

မျက်နှာကိုမှတ်သားသောစနစ်တပ်ဆင်ထားသည့်စက်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် စီစီတီဗီကင်မရာများမှတစ်ဆင့် ပြစ်မှုကျူးလွန်သူများ၏ မျက်နှာကို ခွဲခြားနိုင်သောစနစ်အား ဇန်နဝါရီလ ၂ ရက်က တပ်ဆင်အသုံးပြုခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ပထမဆုံးအဖြစ် ဉာဏ်ရည်တု (AI) အသုံးပြုထားသော အဆိုပါ နည်းပညာက မှုခင်းကို ကာကွယ်နိုင်ပြီး ယာဉ်စည်းကမ်း ဥပဒေချိုးဖောက်သူများကို စစ်ဆေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ဖော်ပြထားသည်။

“ဒီနည်းပညာက ပြစ်မှုကျူးလွန်သူတွေ သို့မဟုတ် ရဲတပ်ဖွဲ့က အလိုရှိနေသူတွေရဲ့ မျက်နှာကိုဖတ်နိုင်ပြီးတော့ ပီနန်းမြို့ကောင်စီနဲ့ ပီနန်း ရဲဌာနချုပ်ရုံးခန်းနေရာတွေရဲ့ စီစီတီဗီ ထိန်းချုပ်ခန်းကနေ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

“စီစီတီဗီကနေတစ်ဆင့် စောင့်ကြည့်ခြင်းက ပြည်သူများ ဘေးကင်းပြီး ကြွယ်ဝချမ်းသာရေးကို ထိန်းသိမ်းတဲ့ အားထုတ်မှုတစ်ခုအနေနဲ့ အထူးသဖြင့် လမ်းပေါ်မှာဖြစ်ပွားတဲ့ မှုခင်းတွေ အပါအဝင် မှုခင်းဖြစ်ပွားမှုတွေ လျှော့ချဖို့ ပီနန်ပြည်နယ်အစိုးရက ကနဦးလုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ စနစ်သည် ရဲတပ်ဖွဲ့က ထည့်သွင်းထားသော ရုပ်ပုံများမှတစ်ဆင့် ပြစ်မှုကျူးလွန်သူများ သို့မဟုတ် ရဲတပ်ဖွဲ့မှ အလိုရှိသူများကို ခွဲခြားသိရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့လှုပ်ရှားမှုအလိုက် အာဏာပိုင်များအား သတိပေးနေစဉ် ထိုကဲ့သို့သောလူများကို ခြေရာခံနိုင်မည်ဖြစ်သည်။

ထို ကနဦးလုပ်ဆောင်မှုတွင် ပီနန်ပြည်နယ်တွင် စီစီတီဗီကင်မရာ ၇၆၇ လုံးမှ ၃၀၀၀ လုံးအထိ တိုးမြှင့်ခြင်းနှင့် ယင်းပြည်နယ်ရှိ အခြားသောဒေသများမှ ကင်မရာကွန်ရက်များဖြင့် ချဲ့ထွင်ချိတ်ဆက်ခြင်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.