Connect with us

Asia

အိန္ဒိယ မောင်းသူမဲ့ ဒရုန်းအား ပါကစ္စတန် စစ်တပ်က ပစ်ချ

ကက်ရှမီးယား နယ်နိမိတ် ထိန်းချုပ်ရေး မျဉ်း အနီး နှစ်နိုင်ငံ တပ်ဖွဲ့ ဝင်များ ပူးတွဲ ကင်းလှည့်နေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ပါကစ္စတန် ထိန်းချုပ်ထားသည့် ကက်ရှမီးယား(Kashmir) ဒေသအတွင်း၌ အိန္ဒိယ မောင်းသူမဲ့ ဒရုန်းတစ်စင်းအား ဇန်နဝါရီလ ၂ ရက် နှောင်းပိုင်းတွင် ပါကစ္စတန် ကြည်းတပ်က ပစ်ချခဲ့ရာ ယင်းမှာ နှစ်ရက် အတွင်း ဒုတိယအကြိမ်မြောက် မောင်းသူမဲ့ ဒရုန်းအား ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ပြောကြားခဲ့သည်။

အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ ထိန်းချုပ်ထားသည့် Kashmir ဒေသ နယ်နိမိတ်မျဉ်းအနီး Satwal နယ်မြေတွင် ပါကစ္စတန် စစ်သားများက အိန္ဒိယ ထောက်လှမ်းရေး မောင်းသူမဲ့ ဒရုန်းအား ပစ်ချခဲ့ကြောင်း ပါကစ္စတန် စစ်တပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် Asif Ghafoor က ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

ထို့အတူ Bagh နယ်မြေတွင်လည်း အခြား အိန္ဒိယ ထောက်လှမ်းရေး မောင်းသူမဲ့ယာဉ် အား ဇန်နဝါရီ ၁ ရက်တွင် ပစ်ချ ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များသည် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေး အကြားတွင် နယ်စပ် ဖြတ်ကျော်မှုများကြောင့် ပစ်ခတ်မှုများဖြင့် တင်းမာနေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ ထိန်းချုပ်ထားသည့် နယ်စပ် ဖြတ်ကျော်မှုများအား ပစ်ခတ်မှုများ အတွင်း အိန္ဒိယ တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ပြောသည်။

ပါကစ္စတန် နှင့် အိန္ဒိယ နှစ်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် နှစ်နိုင်ငံ ထိန်းချုပ်နယ်မြေမျဉ်းတစ်လျောက် အပစ်အခတ် ရပ်စဲရေးအား ကြေညာခဲ့ပြီး နှစ်ဘက်စလုံးကပင် အပစ်အခတ် ရပ်စဲရေး ချိုးဖောက်ကြကြောင်း တစ်ဦးကို တစ်ဦး အပြန်အလှန် စွပ်စွဲ ပြစ်တင်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.