Connect with us

Asia

ဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယ နိုင်ငံ မြောက်ပိုင်းရှိ အာရှတွင် အကြီးဆုံး တယ်လီစကုပ်အား ဘယ်လ်ဂျီယံကနေ ထိန်းချုပ် လုပ်ဆောင်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနှင့် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Charles Michel တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီသည် မတ်လ ၃၀ ရက်က အိန္ဒိယ မြောက်ပိုင်း တောင်ပေါ်မြို့ဖြစ်သည့် Nainital ရှိ အာရှတွင် အကြီးဆုံး ဖြစ်သည့် တယ်လီစကုပ် ARIES အား ဘယ်လ်ဂျီယံနိုင်ငံ မှနေ၍ ထိန်းချုပ် လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိနေသော ဝန်ကြီးချုပ် မိုဒီသည် အိန္ဒိယ-ဘယ်လ်ဂျီယံ ဖက်စပ် လုပ်ဆောင်ခဲ့သည့် ARIES တယ်လီစကုပ်အား ဘယ်လ်ဂျီယံနိုင်ငံမှ နေ၍ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Charles Michel နှင့်အတူ ထိန်းချုပ် လုပ်ဆောင်ခဲ့ကြသည်။

ကောင်းကင် ပုံရိပ်များအား ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ရန် အဆိုပါ တယ်လီစကုပ်အား အမြင့် ၂,၅၀၀ မီတာ ရှိသည့် ကုန်းမြေပေါ်တွင် တည်ဆောက်ထားကြောင်း သိရသည်။
တယ်လီစကုပ် မှန်ပြောင်းသည် အချင်း ၃.၆ မီတာရှိပြီး နက္ခတ်ဗေဒ ပညာများ ကြယ်တာရာများ တည်ဆောက်ပုံနှင့် ၎င်းတို့၏ သံလိုက် စက်ကွင်း ဖွဲ့စည်းမှု များကို လေ့လာရာ၌ ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.