Connect with us

Asia

အိန္ဒိယတွင် ကုလားထိုင် ငါးလုံး ခိုးယူမှုဖြင့် လူငယ် နှစ်ဦးကို သစ်ပင်ပေါ်မှ ဇောက်ထိုးဆွဲချထားပြီး ရိုက်နှက်ခံရ

ထိုင်ခုံ ငါးလုံး ခိုးယူကြောင်း စွပ်စွဲချက်ဖြင့် သစ်ပင်ပေါ်မှ ဇောက်ထိုးဆွဲချကာ ရိုက်နှက်ခံရသည့် အိန္ဒိယ လူငယ် နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ မင်္ဂလာဆောင် တစ်ခုမှ ပလတ်စတစ် ထိုင်ခုံ ငါးလုံး ခိုးယူသည် ဟူသော စွပ်စွဲချက်ဖြင့် လူငယ် နှစ်ဦးအား သစ်ပင် တစ်ပင်မှ ဇောက်ထိုးဆွဲချကာ လူမဆန်စွာ ရိုက်နှက်ခံထားရကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၆ ရက်က ပြောကြားခဲ့သည်။

ယင်း ဖြစ်ရပ်သည့် ဘီဟာပြည်နယ် မြို့တော် ပတ္တနား အနောက်ဘက် ကီလိုမီတာ ၂၀၀ အကွာရှိ ကိုင်မာခရိုင် ဆွန်ဘာဆာကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူအများက လူမဆန်စွာ ဝိုင်းဝန်း ရိုက်နှက်ထားသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုမှာ လူမှု မီဒီယာပေါ်၌ ပျံ့နှံ့သွားခဲ့သည်။

“အသက် ၂၀ ဝန်းကျင် ရှိတဲ့ ရာချ်ကူးမားနှင့် ဘာဘယ်ဘင်းဒ်တို့ ဖြစ်ကြောင်း စုံစမ်းသိရပြီး ဆင်းရဲတဲ့ သူတို့ရဲ့ မိဘတွေက မင်္ဂလာ အခမ်းအနား ကျင်းပသူတွေကို ရူပီး ၃,၀၀၀ (အမေရိကန် ဒေါ်လာ ၄၆) ပေးလျော်ပြီးနောက် ၎င်းတို့ နှစ်ဦးအား လွှတ်ပေးလိုက်ခဲ့တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သို့သော်လည်း အဆိုပါ လူငယ် နှစ်ဦးက မင်္ဂလာဆောင်မှ ထိုင်ခုံ ခိုးယူခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ယင်း ဖြစ်ရပ်သည် ဇွန်လ ၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ မင်္ဂလာဆောင်တွင် ပျောက်ဆုံးနေသည့် ထိုင်ခုံ ငါးလုံးအား ရှာဖွေနေစဉ် ထို လူငယ် နှစ်ဦး လက်ဝယ်၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

လွန်ခဲ့သည့်လက အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှ်ထရာပြည်နယ်တွင် မုန့်ဆိုင် တစ်ဆိုင်မှ မုန့်များ ခိုးယူမှုကြောင့် အသက် ၈ နှစ်နှင့် ၉ နှစ်အရွယ် ကလေး နှစ်ဦးအား လည်ပင်းတွင် ဖိနပ်များကို ပန်းကုံးသဖွယ် ချိတ်ဆွဲကာ လှည့်လည် ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.