Connect with us

Asia

ကွယ်လွန်သူ အီရန်နိုင်ငံခေါင်းဆောင်(ဟောင်း) ၏ ဂူဗိမာန်တွင် ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရ

ကွယ်လွန်သူ အီရန်နိုင်ငံ ခေါင်းဆောင်(ဟောင်း) အယာတိုလာခိုမေနီ ဂူဗိမာန် အပြင်ဘက်၌ သေနတ်သမားတစ်ဦးအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ တောင်ပိုင်း တီဟီရန်မြို့၌ အီရန် အစ္စလမ်မစ်နိုင်ငံကို စတင်တည်ထောင်ခဲ့သူ နှင့် ကွယ်လွန်သူ အီရန်နိုင်ငံခေါင်းဆောင်(ဟောင်း) အယာတိုလာခိုမေနီ၏ ဂူဗိမာန်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံသတင်းဌာနက ဇွန်လ ၇ ရက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် တီဟီရန်မြို့ရှိ အီရန်ပါလီမန်အဆောက်အအုံ(Majlis) အတွင်း ဇွန်လ ၇ ရက်၌ပင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လုံခြုံရေးဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း IRIB ရုပ်သံက ဆက်လက်ဖော်ပြခဲ့သည်။

လက်နက်ကိုင်ဆောင်ထားသူ သုံး ဦးသည် နံနက် အစောပိုင်းတွင် Majils ပါလီမန်အဆောက်အအုံထဲသို့ဝင်ရောက်ခဲ့ပြီး စတင်ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံလွှတ်တော်အမတ် Elias Hazrati က IRIB သတင်းဌာနသို့ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.