Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် လူအုပ်ပိမှုကြောင့် လူ ၄ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် “Janmashtami” ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းတွင် လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာများက သြဂုတ်လ ၂၃ ရက်တွင် သတင်းဖော်ပြထားသည်။

သတင်းများအရ အနောက်ဘန်ဂေါပြည်နယ် North 24 Parganas ခရိုင်ရှိ Kachua ဘုရားကျောင်းတွင် “Janmashtami” ပွဲတော်ကျင်းပရန်အတွက် လူအများစုဝေးကာ ဘုရားဖူးနေကြစဉ် နံရံပြိုကျခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူရန် အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“Janmashtami” ပွဲတော်သည် ဟိန္ဒူနတ်ဘုရား ခရစ်ရှ်နား (Krishna) မွေးဖွားခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.