Connect with us

Asia

၂၀၀၇ ခုနှစ် ထိပ်သီးအစည်းအဝေး ၁၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအတွက် ပြုံယမ်းသို့ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ် သွားရောက်မည်

ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်က လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၀၇ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ၁၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် ပူးတွဲကျင်းပရန် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။

ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Cho Myoung-gyon နှင့် အာဏာရ ဒီမိုကရက်တစ်ပါတီ အကြီးအကဲ Lee Hae-chan တို့ ဦးဆောင်လာသော ပြည်သူနှင့် ပုဂ္ဂလိက ကိုယ်စားလှယ် ၁၅၀ ဦး စုပေါင်းထားသော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၄ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ သုံးရက်ကြာခရီးသွားမည် ဖြစ်သည်။

ယင်းခရီးစဉ်အတွင်း အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း Roh Moo-hyun နှင့် မြောက်ကိုရီးယားနိုင်ငံ လက်ရှိခေါင်းဆောင် ကင်ဂျုံအန်၏ ဖခင် ကင်ဂျုံအီတို့အကြား ပြုံယမ်းတွင် ၂၀၀၇ ခုနှစ်က ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေး ၁၁ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားတွင် ပါဝင်မည်ဖြစ်သည်။

၂၀၀၇ ခုနှစ် ထိပ်သီးအစည်းအဝေးကို အဓိပ္ပါယ်ပြည့်ဝသော အခမ်းအနားတစ်ခုအဖြစ် ကျင်းပရန် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့က ပြီးခဲ့သည့်လက ပြုံယမ်း၌ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွင်း သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.