Connect with us

Asia

ကက်ရှ်မီးယား ပြည်နယ်အတွက် ပထမဆုံး အမျိုးသမီး ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြု

ကက်ရှ်မီးယား ပြည်နယ်၏ ပြည်သူ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မေဟန်ဘူးဘာ မူဖ်တီ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံပိုင် ကက်ရှ်မီးယား ပြည်နယ်တွင် ပြည်နယ် အစိုးရဝန်ကြီးချုပ် မူဖ်တီ မိုဟာမက် ဆာရိဒ် ဇန်နဝါရီ လ ၇ ရက်တွင် သေဆုံးသွားပြီးနောက် ၎င်း၏ သမီး အာဏာရ ပြည်သူ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မေဟန်ဘူးဘာ မူဖ်တီအား ပထမဆုံး ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားကြောင်း သိရသည်။

“မေဟန်ဘူးဘာက ဒီရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း ကျွန်တော်တို့အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ ပါတယ်” ဟု ပါတီ အကြီးတန်းခေါင်းဆောင် မူဇာဖာ ဟူစိန်ဘိန်က မီဒီယာများသို့ ပြောကြားခဲ့သည်။

ကက်ရှ်မီးယား တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ မေဟန်ဘူးဘာသည် ကက်ရှ်မီးယား နိုင်ငံရေး၌ ထင်ရှားနေသည်မှာ ၁၅ နှစ်နီးပါး ရှိနေခဲ့ပြီး ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲအတွင်း အမတ်နေရာ အများဆုံး ရရှိအောင် ပါတီကို ဦးဆောင်နိုင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်မှစ၍ ၎င်း၏ ဖခင် နှင့် အတူ ပါတီ တည်ထောင် ရေးပိုင်းတွင် ဂုဏ် တက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း မေဟန်ဘူးဘာ ရာထူးနေရာ အတည်ပြုရေး အတွက် ပြည်နယ်အစိုးရ မဟာမိတ်ဖြစ်သော အိန္ဒိ ယ အာဏာရပါတီ Bharatiya Janata Party(BJP) ၏ သဘောတူညီမှု လိုအပ်နေပါသေးသည်။

သတင်းရင်းမြစ်များအဆို အရ မေဟန်ဘူးဘာအား လာမည့် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်မည့် အရေးအား ခွင့်ပြု ပေးရန် BJP အနေဖြင့် မလိုလားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.