Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်အောင်မြင် ကြောင်း ကြေညာ

မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန် အားတွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ၎င်း၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဇန်နဝါရီလ ၆ ရက်နေ့က ကြေညာ လိုက်ကြောင်း သိရသည်။

ဗုံးဖောက်ခွဲ စမ်းသပ်မှုကို ပြုံယမ်း စံတော်ချိန် နံနက် ၁၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၁း၃၀ နာရီ) တွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံ (DPRK) အား ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်မှု နှင့် အတူ စစ်မှန်သော နျူကလီးယားလက်နက် တပ်ဆင်ထားသည့် နိုင်ငံတော်အဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း မြောက်ကိုရီးယား (DPRK) နိုင်ငံ ပိုင် သတင်းဌာနမှ ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၆ ရက်နေ့ အစောပိုင်းတွင် တရုတ်နိုင်ငံ မြေငလျင် ကွန်ရက် စင်တာ မှ ဂရင်းနစ်စံတော်ချိန် ၀၁း၃၀ နာရီ တွင် မြောက်ကိုရီးယားနိုင်ငံ (DPRK) ကိုဗဟိုပြု၍ အင်အား ၄.၉ အဆင့် ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွား ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်း မှာပင် အမေရိကန်နိုင်ငံ ဘူမိဗေဒ လေ့လာစောင့်ကြည့်ရေး မှလည်း မြောက်ကိုရီးယားနိုင်ငံ (DPRK) မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ဂရင်းနစ်စံတော်ချိန် ၀၁း၃၀ နာရီ ၌ အင်အား ၅.၁ အဆင့်ရှိသည့် ငလျင်တစ်ခုကို တိုင်းတာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ သည် ကိုရီးယား ကျွန်းဆွယ် အတွင်း နျူကလီယား လက်နက် ကင်းစင်ရန် နှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော နိုင်ငံများအနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ကို ထိခိုက်စေနိုင်သည့် တစ်ဖက်သတ် လုပ်ဆောင်မှုများအား ရှောင်ကြဉ် ရန် အမြဲတွန်းအားပေးနေကြောင်း သိရသည်။ (Xinhua)