Connect with us

Asia

ကာဇက်စတန် ချစ်ကြည်ရေး ခရီးစဉ်နှင့် SCO ထိပ်သီးအစည်းအဝေး၊ ၂၀၁၇ ခုနှစ် ကုန်စည်ပြပွဲ တက်ရောက်ရန် ကာဇက်စတန်သို့ တရုတ် သမ္မတ ရှီ ရောက်ရှိ

ကာဇက်စတန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ကာဇက်စတန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် (၁) Askar Mamin က လာရောက် ကြိုဆိုစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၇ ရက်က ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အာရှ အလယ်ပိုင်းနိုင်ငံ တစ်ခုဖြစ်သော ကာဇက်စတန်နိုင်ငံ ခရီးစဉ်အတွင်း ရှီသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) နိုင်ငံ ခေါင်းဆောင်များ ကောင်စီ ၁၇ ကြိမ်မြောက် အစည်းအဝေးနှင့် အက်စ်တာနာတွင် ပြုလုပ်မည့် ၂၀၁၇ ခုနှစ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ယခုနှစ်အတွင်း အာရှ အလယ်ပိုင်းသို့ ပထမဆုံးအကြိမ်အဖြစ် ရှီက သွားရောက်ခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံ သမ္မတအဖြစ် တာဝန်ယူပြီးနောက် ရှီသည် ကာဇက်စတန်နိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြို့တော် အက်စ်တာနာတွင် ပြုလုပ်မည့် “အနာဂတ် စွမ်းအင်” ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ကုန်စည်ပြပွဲသို့ သမ္မတ ရှီ တက်ရောက်မည် ဖြစ်ပြီး ယင်း ပြပွဲ၌ ကာဇက်စတန်အတွက် တရုတ်၏ အပြည့်အဝ ထောက်ပံ့ပေးမှုကိုသာမကဘဲ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သို့ အရေးကြီးသော ဆက်စပ် တွေ့ရှိမှုကိုပါ ပြသထားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဒုတိယ ဝန်ကြီး လီဟွေ့လိုင်က ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွက် SCO ထိပ်သီး အစည်းအဝေး၏ အလေးထားမည့် အကြောင်းအရာများမှာ SCO သို့ အိန္ဒိယနှင့် ပါကစ္စတန် ပုံမှန် အဖွဲ့ဝင်အဖြစ် ပါဝင်လာခြင်းနှင့် အစည်းအဝေး အဆုံးသတ်တွင် တရုတ်နိုင်ငံက အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခြင်းတို့ဖြစ်ကြောင်း တရုတ်နိုင်ငံ လူမှု သိပ္ပံတက္ကသိုလ် SCO သုတေသနစင်တာ အထွေထွေ အတွင်းရေးမှူး ဆွန်း ကျွမ်းကျိ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.