Connect with us

Asia

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်(ဟောင်း) မန်မိုဟမ်ဆင်း အကြောင်းကို မင်းသား Anupam Kher ရုပ်ရှင်ရိုက်မည်

နယူးဒေလီ ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ဘော်လီးဝုဒ် မင်းသား အနုပမ်ခါ(Anupam Kher)က ယခင်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်(ဟောင်း) မန်မိုဟမ်ဆင်းအဖြစ် ပါဝင်သရုပ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားသစ်ကို ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မန်မိုဟမ်ဆင်း၏ ယခင်သတင်းမီဒီယာအကြံပေး(ဟောင်း) Sanjay Baru က ရေးသားထားသော မှတ်တမ်းတစ်ခုအပေါ် အခြေခံ၍ ရိုက်ကူးသွားမည်ဖြစ်သည်။

Kher က ဇွန်လ ၇ ရက်တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်(ဟောင်း) မန်မိုဟမ်ဆင်းအကြောင်းရေးသားထားသည့် The Accidental Prime Minister စာအုပ်ခေါင်းစဉ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး “ ထပ်တူကျအောင် ရိုက်ကူးသွားဖို့မျှော်လင့်ထားပါတယ်” ဟု ရေးသားထားသည်။

ယခင်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်(ဟောင်း) မန်မိုဟမ်ဆင်း အားတွေ့ရစဉ် (ဆင်ဟွာ)

နာမည်ကျော်အိန္ဒိယရုပ်ရှင်မင်းသား အနုပမ်ခါ(Anupam Kher) အားတွေ့ရစဉ်(ဆင်ဟွာ)

“ မင်းသားတစ်ယောက်အနေနဲ့ကိုယ့်ကိုယ်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ The Accidental Prime Minister စာအုပ်ထဲမှာပါတဲ့ ဒေါက်တာမန်မိုဟမ်ဆင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ထပ်တူကျအောင် ရိုက်ကူးသွားမှာပါ” ဟု ၎င်း၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသားထားသည်။

Kher သည် နာရန်ဒြာမိုဒီ ဦးဆောင်သော လက်ယာယိမ်း BJP ပါတီ ထောက်ခံသူတစ်ဦးဖြစ်သည်။ ၎င်းသည် ၂ဝ၁၄ ခုနှစ်ရွေးကောက်ပွဲတွင် ရှုံးနိုမ့်ခဲ့သော မန်မိုဟမ်ဆင်း၏ ကွန်ဂရက်ပါတီကို မကြာခဏ ဝေဖန်မှု ပြုလုပ်ခဲ့သည်။

Kher ၏ ဇနီးဖြစ်သူ ကီရွန်ခါ (Kirron Kher ) သည် Chandigarh မြို့မှ BJP ပါတီ လွှတ်တော်အမတ်တစ်ဦးဖြစ်ကြောင်းသိရသည်။ The Accidental Prime Minister ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၈ ခုနှစ် ဆောင်းရာသီတွင် အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး၌ ရုံတင်ရန် စီစဉ်ထားသည်။ Kher က အဆိုပါ ရုပ်ရှင်ကြော်ငြာပိုစတာကို ၎င်း၏ တွစ်တာစာမျက်နှာတွင် Share ထားသည်။

Baru ၏ စာအုပ်ထဲတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အဖြစ် ပထမအကြိမ် တာဝန်ယူခဲ့သည့် ၂ဝဝ၄ ခုနှစ် မှ ၂ဝဝ၈ ခုနှစ်အတွင်း မန်မိုဟမ်ဆင်း၏ အတွင်းကျကျ အကြောင်းအရာတစ်ခု ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.