Connect with us

Asia

အိန္ဒိယနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ ဇူလိုင် ၁၇ ရက်တွင် စတင်ကျင်းပမည်

အိန္ဒိယနိုင်ငံ ၏ လက်ရှိ သမ္မတ ပရာနပ် မူခါဂျီ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ၏ သမ္မတရွေးကောက်ပွဲအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင် က ဇွန်၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိသမ္မတ ပရာနပ် မူခါဂျီ ၏ ၅နှစ်တာ သမ္မတ သက်တမ်းသည် ဇူလိုင် ၂၄ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး ယခုအချိန်အထိ ၎င်းသည် သမ္မတရာထူးဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုခြင်း ရှိ၊မရှိကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Nasim Zaidi က “ဆန္ဒမဲပေးတာကို ဇူလိုင် ၁၇ ရက်မှာ စတင်ဆောင်ရွက်ပြီး ဇူလိုင် ၂၀မှာ မဲရေတွက်မှုပြုလုပ်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်၌သာ ဆန္ဒမဲပေးဖို့ တောင်းဆိုထားပြီး သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ဥပဒေပြုအမတ်တွေကတော့ ၎င်းတို့ရဲ့ ပြည်နယ် မြို့တော်တွေမှာ မဲပေးရမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဓိက ပြိုင်ဘက်ပါတီများ စုစည်းပြီး အာဏာရ BJP ပါတီ၏ သမ္မတလောင်း အား ယှဉ်ပြိုင်ရန် ၎င်းတို့၏ သမ္မတလောင်း ကို တင်သွင်းမည်ဖြစ်ရာ ၂၀၁၇ခုနှစ် သမ္မတရွေးကောက်ပွဲသည် အကြိတ်အနယ် ပြိုင်ဆိုင်ကြမည့် ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

သို့သော် အာဏာရ BJP ပါတီ က ပြိုင်ဘက်ပါတီများ ပါ ၎င်းတို့၏ သမ္မတလောင်းအမည်စာရင်းများကိုထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.