Connect with us

Asia

အိန္ဒိယ နိုင်ငံ ရှိ မီးရှူးမီးပန်း စက်ရုံ တစ်ခု သည် ဆေးလိပ်မီးကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၄ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ Balaghat မြို့ ရှိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်း စက်ရုံ အား မီးငြိမ်းသတ် နေသည် ကိုမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အလယ်ပိုင်း Balaghat ရှိ မီးရှူးမီးပန်း စက်ရုံ တစ်ခုသည် ဇွန်လ ၇ ရက်နေ့တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူ ၁၄ ဦးသေဆုံး ခဲ့ကြောင်း အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိခဲ့ရသည်။

သတင်းဖော်ပြချက်များတွင် အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် စက်ရုံ သည် Balaghat မြို့လယ် နှင့် ၅ ကီလိုမီတာ အကွာအဝေး တွင် တည်ရှိပြီး အခင်းဖြစ်ပွား စဉ် စက်ရုံအတွင်း၌ ဝန်ထမ်း ၄၀ ဦးခန့် လုပ်ငန်းဆောင်ရွက်မှု ပြုလုပ်နေကြောင်း ၊ ရဲတပ်ဖွဲ့ ၏ ကနဦး စစ်ဆေးမှုများအရ ပေါက်ကွဲမှု သည် ဝန်ထမ်းတစ်ဦး က ဆေးလိပ်မီးအား စက်ရုံ အတွင်းရှိ အမှိုက်ပုံး အတွင်း လွှင့်ပစ် ခဲ့သောကြောင့် ဖြစ်နိုင်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

လက်ရှိချိန်တွင် အခင်းဖြစ်ပွားရာ နေရာ၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး သေဆုံးသူ အလောင်းများကို စက်ရုံအတွင်းမှ ထုတ်ယူခဲ့ကြကာ ဒဏ်ရာရရှိသူများကို အနီးရှိ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

Balaghat မြို့ တွင် ၂၀၁၅ ခုနှစ်၌လည်း အလားတူ မီးရှူးမီးပန်း စက်ရုံ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ထိုစဉ်က အဆောက်အဦ အနည်းဆုံး ၁၂ ခု ပြိုလဲခဲ့ကာ ၃ ဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.