Connect with us

Asia

ဂျပန်နိုင်ငံ အီဘာရာကီ စီရင်စု တွင် အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွား

ငလျင်လှုပ်ခတ်မှုပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ပိုင်း အီဘာရာကီစီရင်စု တွင် အင်အား ၅.၀ ပမာဏ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က နိုဝင်ဘာ ၂၇ ရက် တွင်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA)၏ ပြောကြားချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈း၃၃နာရီတွင် မြောက်လတ္တီကျု ၃၆.၁ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၃၉.၉ဒီဂရီ ရှိ မြေပြင်အနက် ၅၀ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မိုးလေဝသဌာန က အဆိုပါ ငလျင်ကြောင့် ကြီးမားသော ထိခိုက်ပျက်စီးမှု နှင့် ဒဏ်ရာရရှိမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးသလို ဆူနာမီသတိပေးချက်လည်းထုတ်ပြန်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့သည် ငလျင်လှုပ်ခတ်ရာ ဧရိယာများရှိ ၎င်း၏ နျူကလီးယားဓါတ်ပေါင်းဖိုများ၌ မူမမှန်မှုများ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.